Episode-12(Memorable sweet night with you 💞)

2.3K 214 7
                                    

နာကျင်လားဆိုတော့ အရမ်းနာကျင်ရတယ်
အခုထိလည်း မင်းထားခဲ့တဲ့ အချိန်တွေရောက်သွားတိုင်းကိုယ်ဟာ သေလောက်အောင်နာကျင်နေတုန်းဘဲ
ထပ်ချစ်ရမှာကို အရမ်းကြောက်နေပေမယ့်
နာကျင်ခံစားရမယ်ဆိုလည်း မင်းဖြစ်နေတာကြောင့်
နောက်တကြိမ်ထိပ်ချစ်ဖို့ ကြိုးစားအုံးမှာပါ
Because It's you ,my love
                               ❣️❣️❣️
————————————————————————

အိပ်ရာကနိုးလာတာနဲ့ မနေ့ကအဖြစ်အပျက်လေးတွေက
အလိုလို ခေါင်းထဲဝင်လာတော့သည်။

seok jin တစ်ယောက် အိပ်ရာပေါ်တွင် ခေါင်းလေးကိုရမ်းလိုက်ကာ သဘောကျစွာ ပြုံးလိုက်ပြီး ရေချိုးခန်းလေးထဲ
သို့ဝင်သွားတော့သည်။

ဒီမနက်လေးမှာတော့ အားအင်အပြည့်နဲ့ တက်ကြွသွက်လက်နေတော့သည်။ပြတင်းပေါက်လေးက လေပြည်နုနုလေးအား အားရစွာ ရူရှိုက်လိုက်ရင်း..

Jin-သာယာလိုက်တဲ့ မနက်ခင်းလေး

တီ တီ တီ 📞

Tae

Jin-^Morning Tae ^

Tae-^Morning jinnie^

Jin-^မင်းပိန်သွားလိုက်တာ အလုပ်ကပင်ပန်းလို့လား^

Tae-^ဟုတ်တယ် ထင်သလောက် အဆင်မပြေလို့လေ^

Jin-^ငါ တစ်ခါတလေ စဉ်းစားမိတာ မင်းဘာလို့ စီးပွါးရေးလုပ်ငန်းထဲ ခြေဆုံပစ်ဝင်ပြီး အဲ့လောက်ကြီး အသဲအသန် အလုပ်တွေကြိုးစားနေရတာလဲလို့^

Tae-^ငါက တောင်ကိုးရီးယားရဲ့ အချမ်းသာဆုံး
သူဌေးကြီး ဖြစ်အောင်လို့ကွာ သိပြီလား^
*ငါအရမ်းပင်ပန်းနေတာ seok jin ဒါတွေလုပ်နေရတာ မပျော်ပေမယ့်လဲ..*

Tae-^မင်းမျက်နှာက တစ်ခုခု ပျော်နေသလိုပဲနော်
ငါမရှိတော့ စိတ်ချမ်းသာနေတာလား^

Jin-^မဟုတ်ပါဘူးကွာ ငါမင်းကိုသတိရနေတာပါနော်^

Tae-^ရုပ်ကိုကတော်တော် ယုံစရာကောင်းတာ
အင်းပါ နောက်နေ့မှ ထပ်ခေါ်လိုက်မယ် မင်းလဲအလုပ်သွားရအုံးမှာ မလား ငါအလုပ်ရှိသေးလို့^

It is you 🍂(Completed)Hikayelerin yaşadığı yer. Şimdi keşfedin