✨SPECIAL EPISODE✨

1.6K 160 18
                                    

Episode-25 (A person of by my destiny💫)

,ရခဲတဲ့ လူ့ဘဝတစ်ခုဟာ အတိတ်ရဲ့ ကောင်းကံ
ဆိုးကံတွေနဲ့ သံသရာလည်ကြရင်း ဖြစ်လာရတဲ့
ကောင်းခြင်း ဆိုးခြင်းတွေနဲ့အတူ ဘဝရဲ့
တစ်စိတ်တပိုင်း ဖြစ်တဲ့ လူတချို့နဲ့
အလွန်တရာ ထူးဆန်းလှတဲ့ ရေစက်တွေအဖြစ်
ဆုံတွေကြရပြန်တယ်..
ရေစက်တွေ ဖြစ်တည်လာပြီဆိုရင် မည်မျှပင်
ဝေးကွာနေပါစေ ဆုံတွေ့ရမြဲ ဖြစ်ပျက်ရမြဲ
ကျွန်တော့်ရဲ့ ကံကြမ္မာထဲမှာလည်း မတွေ့မဖြစ်
တွေ့ဆုံရမယ့် လူသားတစ်ဦးကို ဖန်ဆင်းထားတယ်...
ထိုလူသားကသာ ကျွန်တော့်ရဲ့ ကံကြမ္မာထဲကို
အကြိမ်ပေါင်းများစွာ ဆိုက်ဆိုက်မြိုက်မြိိုက်
ဆန်းကြယ်လွန်းစွာ ရောက်ရှိလာရင်း ရေစက်တွေ
အဖြစ်နဲ့ တွေ့ဆုံကြရတာပေါ့.....
ကံကြမ္မာစက်ဝန်းထဲက ချစ်ခြင်းတွေ သန္ဓေတည်ရာ
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ထိုလူသား........
သူကသာ ကျွန်တော့်ရဲ့ ကြမ္မာတစ်ခု....

_____A person of by my destiny 💫_____

1 year later ☀️⛈🌨

၁နှစ်ကြာပြီးတော့ ကျွန်တော် ဆေးကုသမှု ခံယူပြီး
Korea ကို ပြန်လာခဲ့တယ်....ဒီပြန်ရောက်တာနဲ့
ကျွန်တော့်ရဲ့ မိသားစုနဲ့ အတူ busan မှာ ၁ လ
လောက်နေပြီး အနားယူလိုက်သေးတယ်...
Seoul မှာ ကျွန်တော့်အိမ်ရှိတယ်လို့ ပြောပေမယ့်
တကယ်တော့ seoul ရဲ့ များပြားလှတဲ့ လမ်းတွေ
ကိုတောင် ကျွန်တော်က အစိမ်းသက်သက်လေ
Electronic company မှာ အလုပ်လုပ်နေတယ်လို့
Yoongi ကပြောပြပေမယ့် ဘာကိုမှ မမှတ်မိတော့ဘူးလေ..အလုပ်တွေ တခြားမိတ်ဆွေ သူငယ်ချင်းတွေ
ရှိလောက် ပေမယ့် ဘာဆိုဘာမှ မမှတ်မိတော့ဘူး..
ဦးနှောက်ထဲက မှတ်ဉာဏ်တွေထဲမှာ ရှိနေတာဆိုလို့
အထက်တန်းမတက်ခင် ကျွန်တော့်အသက် ၁၆ ၁၇
လောက် အရွယ်ထိ မှတ်ဥာဏ်တွေ လူတွေကိုပဲ
သတိရတော့တာ..ကျန်တာတွေ ဘာမှ မသိတော့တာ
ပြီးခဲ့တဲ့ ၁၀ နှစ်က အရမ်း ရင်းနှီးပါတဲ့ဆိုတဲ့ လူက
လာမိတ်ဆက်ခဲ့ရင် သေချာတယ် သူ့ကို ကျွန်တော်
သိတော့ မှာ မဟုတ်ဘူး...
ဒါတောင် ဒီလောက်ပြင်းထန်တဲ့ accident ကြောင့်
မသေသွားတာကပဲ အတော်လေး ကံကောင်းလို့တဲ့
ကုသမှုကို ကြိုးစားခံယူခဲ့ပေမယ့် ကျွန်တော့်ရဲ့
ဦးနှောက်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်စာ လောက်
memories တွေဟာ ပျောက်ဆုံးသွားခဲ့ရတယ်...
သူတို့က ဆက်ပြီး ကုသမှုခံယူရင်း ပြန်ရှာဖွေဖို့
ပြောပေမယ့် ဒီတစ်နှစ်အတွင်း သေလောက်အောင်
ပင်ပန်းခဲ့ပြီးပြီလေ..အဆုံးရွားဆုံး အခြေအနေတွေကို
မနဲကြိုးစားပြီး ကျော်ဖြတ်လာရတာဆိုတော့ ဒီထက်ပို အပင်ပန်း မခံချင်တော့တာကြောင့် ဦးနှောက်မှာ
ဘာ ပြသာနာမှ မရှိနိူင်တော့ဘူးဆိုတာနဲ့ ဆေးကုသ
တာကို ရပ်ပြီး ဒီကို ပြန်လာခဲ့တော့တာပါပဲ....။

It is you 🍂(Completed)Where stories live. Discover now