Episode-10(Precious Memories in my heart-B💕)

2.1K 247 18
                                    

တွေ့ဆုံကြုံကြိုက်ရခြင်းရှိရင် ခွဲခွါနှုတ်ဆက်ရခြင်း ဟာလည်း ရှိကိုရှိလာမှာမို့ အဲ့လိုခွဲခွါ နှုတ်ဆက်ရမယ်ဆို
ရင်တောင် အမုန်းတွေနာကျဉ်းစရာတွေမရှိဘဲ အချစ်တွေ
နဲ့ဘဲ အဆုံးသတ်ပါရစေ....
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ အမြစ်တွယ်ရင်း
ထာဝရရှင်သန်နေမဲ့ တန်ဖိုးထားရဆုံးသော အမှတ်တရ
လေးတွေဟာ ပျော်ရွှင်ကြည်နူးစရာလေးတွေသာ.
ဖြစ်နေပါရစေ...အနဲဆုံးတော့ ကိုယ်မင်းကို ချစ်ခဲ့ခြင်း
အတွက်လိပ်ပြာသန့်နိူင်တာပေါ့...

**********************************************

Flashback continue::(Part-B)

hyung နဲ့ ကျွန်တော် အတူနေလာကြတာ အခုဆို ၁နှစ်ခွဲ
ရှိသွားပြီ အတူရှိနေတဲ့ အခိုက်အတန့်လေးတွေ အမှတ်တရ တွေ အားလုံးကလည်း
တန်ဖိုးဖြတ်မရအောင် အဖိုးတန်လွန်းခဲ့ပါတယ် အမြဲ
မှတ်မိနေမယ့် မမေ့နိူင်သော အချစ်နေ့စွဲလေးတွေ
အဖြစ်ပေါ့ ...

အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေ အတွင်းမှာ hyung နဲ့
ပတ်သတ်ပြီးသိခဲ့တာက

hyungဟာ အရာရာကို အမှတ်ကြီးသလို လွယ်လွယ်နဲ့ မမေ့တတ်တဲ့သူ
အရာဝတ္ထုပစ္စည်း တွေကိုတောင်
အမှတ်နဲ့ထားတတ်သူ
အသန့်အပြန့်အလွန်ကြိုက်ပြီး သန့်ရှင်းအောင်လည်း
အမြဲနေတတ်သူ
အရာအားလုံးကိုလည်း အစီအစဉ်တကျနဲ့
အကောင်းဆုံး လုပ်တတ်သူ
အပြင်ပိုင်းက အေးစက်ပြီး မာကျောတယ်ထင်ရပေမယ့်
အလွန်ကြင်နာတတ်ပြီး ကူညီတတ်သူ အားနာစိတ်ကြီးသူ
ကျွန်တော့်အပေါ် မချုပ်ချယ်တတ် မပိတ်ပင်တတ်
အကဲခတ်တော်ပြီး စိတ်ကိုကအစ မပြောဘဲသိသူ
hyung ဟာ အမြဲတမ်း သူ့ရဲ့ အကောင်းဆုံးတွေကိုသာ
ကျွန်တော်ကို ပြချင်တဲ့သူ
ဆူပူဆုံးမပေးတတ်ပြီး တိုင်ပင်တာမှန်သမျှကိုလည်း သေချာဆုံးဖြတ်ပေးတတ်သူ
အကြောင်းအရာ တစ်ခုခုကို အလွယ်လက်မလျော့ဘဲ
တည်တည်ငြိမ်ငြိမ် နဲ့ပြောဆိုဆုံးဖြတ်ကာ
နားလည်ပေးတတ်သူ
အားနည်းပျော့ညံ့တာကို အလွန်မုန်းပြီး
ခံစားချက်တွေကို မြိုသိပ်လွန်းပြီး
လွယ်လွယ် ဖွင့်မပြ တတ်သူ
အလွယ် စိတ်မလှုပ်ရှားတတ်ဘဲ ဒေါသမရှိကာ
သွေးအေးပြီး အတွေးလွန်တတ်သူ
hyung ဟာ ယောကျ်ားမာန အပြည့်ရှိပြီး
ဘယ်သူဆီကမှလည်း အလွယ်အကူအညီမယူတတ်ဘဲ
ကိုယ့်ကိုယ်ကိုသာအားကိုးတတ်သူ ....

It is you 🍂(Completed)Where stories live. Discover now