Episode-21(A Paradise I Lost 💔)

1.4K 161 12
                                    

ကိုယ်ပြုတဲ့ကံတွေဟာ ပဲတင်ထပ်စမြဲမို့...
အတိတ်မှာကျူးလွန်မိခဲ့တဲ့ မကောင်းမှု အညစ်ကြေး
တွေဟာ အရိပ်သဖွယ် လိုက်ပါလာကြမှာပဲ...
စိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းကြရတဲ့အခါ
အတိတ်ဝဋ်ကြွေးတွေဟာ ဘယ်သူ့အပေါ်ကိုမှ
ဘက်မလိုက်ဘဲ မနွဲ့စတမ်း ပေးဆပ်စေခဲ့တယ်...
ဒီလိုနဲ့ ပစ္စုပ္ပန်နဲ့ အတိတ်ဟာ သံသရာလည်
နေကြတာပဲ မဟုတ်လား...ကျွန်တော့်ရဲ့
အတိတ်တွေဟာလဲ ညစ်ထိုင်းခဲ့တယ် ထင်ပါရဲ့..
ဘဝတစ်လျှောက်လုံး ကြေကွဲပျက်ဆီးမှုတွေသာ
ပိုင်ဆိုင်နိူင်ခဲ့ရတယ်..
ပျော်ရွှင်ခြင်းကိုသာ မက်မောလောဘတက်မိတဲ့
သူအတွက် ဘယ်လိုနည်းလမ်းနဲ့မှ ပျော်ရွှင်ရဖို့
မသေချာတော့ရင် ကိုယ်တိုင်ပျက်ဆီးလိုက်ခြင်း
ကသာ အကောင်းဆုံး အဖြေတစ်ခုဖြစ်ခဲ့တယ်...

________________🌊_______________

မောင်နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းအနှောင်အဖွဲ့ ရဲ့
ခံနိူင်ရည် အင်အားပမာဏကို ကံကြမ္မာ အလှည့်
အပြောင်းတစ်ခုဟာ ရက်ရက်စက်စက်နဲ့ကို
တိုက်စစ်ဆင်ခဲ့ပြန်တယ်..ဒီတစ်ကြိမ်မှာတော့
ကျွန်တော်တို့ အချစ်က ခံစစ်အား အတော်ကောင်းဖို့
လိုအပ်သွားခဲ့ပြီ...

အမှားနဲ့အမှန် လွန်ဆွဲကြတဲ့ ပွဲတစ်ခုမှာ အမှန်တရား
ကတော့ ခြွင်းချက်မရှိ အနိူင်ရစမြဲ...
ဘယ်လို တန်ခိုးစွမ်းအင်တွေနဲ့မှ ဖုံးကွယ် ငြင်းဆန်လို့
ရရိုးမရှိနိူင်တာဟာလဲ အမှန်တရားဆိုတဲ့ အရာပါပဲ။
ဒါပေမယ့်လို့..ခါးသက်စွာ လက်ခံရတဲ့ အမှန်တရား
တွေလောက် မုန်းစရာကောင်းတဲ့ အရာမျိုး
ကျွန်တော့်ကမ္ဘာမှာ ရှိမယ်မထင်တော့ပါ။

စကားဆုံးသွားတာနဲ့ မောင်ခြေလှမ်းတွေဟာ ကျွန်တော့်
ဆီ ဦးတည်လာကာ ပုခုံးလေးနှစ်ဖက်ကို တင်းတင်းဆုပ်
ကိုင်လိုက်ပြီး စူးစူးရဲရဲ အကြည့်ချင်းဆုံလိုက်ကြတယ်...
မောင့်မျက်ဝန်းတွေဟာ ညကနဲ့မတူဘဲ ပိုတောက်ပ
နေကာ ခက်ထန်မာကျောမှုအပြည့်...

အမှန်ပြောရရင် မောင့်နဲ့ရင်ဆိုင်ပြောရဲလောက်တဲ့
အထိ သတ္တိတွေဟာမလုံလောက်သေးသလို ဘာကိုမှ
မပြင်ဆင်ထားရသေးပါ။
မောင့်ပြောလာမဲ့ အရာရာနဲ့ မေးခွန်းတွေ အတွက်လဲ
အဖြေမရှိသလို စိုးရိမ်ကြောက်ရွံ့နေမိတယ်...
မဟုတ်တာလုပ်ထားတဲ့သူပဲ လိပ်ပြာမလုံမလဲနဲ့ပေါ့။

It is you 🍂(Completed)Where stories live. Discover now