Episode-20(Devil 🔥)

1.6K 162 18
                                    

သံသရာတစ်ကွေ့ဝယ် အတိတ်ရဲ့ အကြောင်းတရား
တွေနဲ့ တွေ့ဆုံကြရခြင်းမှာ ချိုမြိန်သာယာမှုတွေသာ
ခံစားရရှိတဲ့ ရင်းနှီးကျွမ်းဝင်မှုတွေဟာ
လှပကျေနပ်ဖွယ်ကောင်းပေမယ့်....

ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်ဟာ
ကျွန်တော့်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့
သူကို ဝေဒနာ ဒဏ်ရာဒဏ်ချက်တွေ
မကောင်းခြင်းတွေသာ ဆောင်ကျဉ်းပေးနိူင်သော
နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ရတော့..
ကျွန်တော်တို့ရဲ့ ရေစက်လေးထဲမှာလည်း
နာကျင်မှု အပြည့်နဲ့ ကြမ်းတမ်းခါးသီး ခဲ့ရတယ်

အဆုံးသတ်မလှနိူင်သော
ဇာတ်သိမ်းခန်းကို ဥပက္ခပြုချင်တဲ့အခါ
ရေစက်ဆိုးလို့သာ နာနာကျင်ကျင်
သတ်မှတ်လိုက်ရတာပေါ့.....

______________💢💢💢_______________

💥💥. 💭💭💭💭💭

"ငါမရှိမှ..ငါမပါမှ..သူတို့ ပိုအဆင်ပြေကြမှာ..
သာယာတော့မယ့် သူတို့ မိသားစုဘဝလေးကို
ငါက ဘာလို့ ဖျက်စီးရမှာလဲ..သူသိပ်ပျော်နေတာပဲ
ငါသိပ်ချစ်ပါတယ်ဆိုတဲ့သူ အရမ်းပျော်နေတာ..
ငါလည်းပျော်ရမှာပေါ့...ကျေနပ်နိူင်ရမှာပေါ့
ဟုတ်တယ်..Tae Young..မင်းအချစ်က ပေးဆပ်မှု
သက်သက်ပဲ..သူ့ဘဝလေး အေးချမ်းနေတာ
မဖျက်ဆီး မိစေနဲ့..."

"*ဟား..ဟား.. Kim Tae Young ..
မင်းကလေ တော်တော်တုံးအတဲ့ လူပဲ..
ဘာမှအသုံးမကျတဲ့ အရူးလိုကောင်..အရှုံးသမား..
သူရဲဘောကြောင်တဲ့ကောင်..ယော်ကျားမပီသတဲ့
ငကြောက် တစ်ယောက်ပဲ"*

"မဟုတ်ဘူး..ငါအရှုံးသမား မဟုတ်ဘူး..ချစ်တာ
ငါသူ့ကို ချစ်တာ..အားလုံးကို ပေးဆပ်ချစ်ရဲတာ"

"*ဘာ..အချစ်..ဟုတ်လား..မင်းကို သူက ဒီတသက်
ပြန်ချစ်မှာတဲ့လား...အဲ့အချစ်က ဘာမှ သုံးစားမ
ရပါဘူးကွာ..မင်းမှာ အခွင့်အရေးတွေ ရှိနေပြီပဲ..
အသုံးချလိုက်စမ်းပါ..အဲ့ကလေးက မင်းကလေးလေး
သာဆိုရင်..မင်းက ကလေးအဖေအနေနဲ့ အခွင့်အရေး
အပြည့်အဝ ရနိူင်တာပဲ..အမြဲတမ်း နောက်ဆုတ်ပေးနေ
မှာလား..ဒီအခွင့်အရေးကို အသုံးချပြီး မင်းသိပ်လိုချင်
တဲ့ မိသားစုဘဝလေးကို ဖန်တီးလိုက်စမ်းပါ..စိတ်ကူး
မလွဲနဲ့..ဒါ မင်းရဲ့ မဟာ အခွင့်အရေးကြီးနော်.."*

It is you 🍂(Completed)Tahanan ng mga kuwento. Tumuklas ngayon