Episode-18(So far way🍃)

1.5K 169 13
                                    

ကျွန်တော် သူ့ကို အချစ်စစ်တစ်ခုနဲ့ အရာအားလုံး
ပေးဆပ်ချစ်ခဲ့ပါတယ်..အတတ်နိူင်ဆုံး အရှုံးပေးပြီး
တော့လည်း ချစ်ဖူးခဲ့ပါတယ်..သူအပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာနှောင်ကြိုးတွေအတွက် လိပ်ပြာလုံ
ခဲ့တာမို့..နောက်ဆုံးတစ်နေ့ ဘယ်လိုမှ မပေါင်းဆပ်
နိူင်ခဲ့ကြရင်....အဝေးဆုံးဝေးသွားရဖို့အတွက်
ကျွန်တော့်နှလုံးသားလေးကို off ခလုတ်လေး
မယ်မယ်ရရနဲ့ ကြိုနှိပ်ထားလိုက်တော့မှာပါ။

———————————🍂🍂🍂—————————

ကားလေးနှစ်စင်းဟာ ကျွန်တော့်ကားကို ကျော်တက်
သွားပြီး hyung အိမ်လေးသို့ ဦးတည်ကာ ရှေ့ဆင့်
နောက်ဆင့် မောင်းသွားကြတာကို မြင်လိုက်ရပြီး
ကားတစ်စီးမှာ hyung ရဲ့ကားလေးဖြစ်နေတာကြောင့်
ကျွန်တော့်ရဲ့ အပူလုံးတွေအားလုံး လျော့ကျသွားရကာ
ကားကိုရပ်ပြီး hyung ဆီပြေးသွားဖို့ ထိုင်ခုံ ခါးပတ်
လေးချွတ်နေရင်း ရှေ့ကိုကြည့်မိလိုက်တော့ hyung
က သူ့ကားပေါ်ကနေ ဆင်းလာသလို တခြားကားမှ
လူတစ်ယောက်ကလည်း hyung ဆီကို လျှောက်လာ
နေသည်။

ထိုလူမှာ ပြိုင်ဘက်လို့ မသတ်မှတ်ပေမဲ့ ကျွန်တော့်
စိတ်ရဲ့ ပြိုင်ဘက်ဖြစ်နေသူ..ကျွန်တော်တို့ နှစ်ယောက်
ရဲ့ ပြသာနာ ဖြစ်တည်ရာ....အထူးသဖြင့် hyung
ဘေးနားရှိနေတာကို မမြင်ချင်လောက်အောင်
စက်ဆုတ်ရသူ...

____________

ကျွန်တော့်ကို အိမ်ရှေ့ထိ လိုက်ပို့ချင်တယ်ဆိုပြီး
နောက်ကနေလိုက်လာခဲ့ရာ အိမ်ရောက်တော့
ကားလေးရပ်ပြီး နှုတ်ဆက်စကားပြောဖို့ မျက်နှာ
ချင်းဆိုင်ရပ်လိုက်ကာ..

Jin-အာ့ဆို ပြန်လိုက်တော့လေ..Tae Young

Tae-အင်း...မင်းလည်း ဘာမှ မစဉ်းစားဘဲနဲ့
အိပ်လိုက်တော့နော်..ငါ့ကြောင့်နဲ့ ပင်ပန်းသွားရ
ပြီ..အာ့ဆို..တာ့တာနော်...ငါပြန်ပြီ..

*အက်ရာလေး မစိုစလောက် ဖြစ်သွားခဲ့ရတဲ့ ငါတို့
ဆက်ဆံရေးဟာ အခုထိတောင် ပြန်လည်မနွေးထွေး
နိူင်တော့ပါလား...Tae ရယ်...နှစ်ယောက်လုံး အနေရ
ခက်နေပေမယ့် လှည့်ပြန်တော့မယ့် Tae ကို
ကျွန်တော်ကပဲ တားမိခဲ့လိုက်သည်။

It is you 🍂(Completed)Where stories live. Discover now