Episode-9(Precious Memories in my heart -A💕)

2.4K 212 4
                                    

ဘဝမှာ အချိန်ကောင်းလေးတွေကို မပိုင်ဆိုင်ဖူးတဲ့သူ
မရှိသလောက်ပါပဲ ကျွန်တော်တို့သာ အဲ့အချိန်ကောင်းလေးတွေကို  နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ထာဝရ သိမ်းဆည်းထားရင်း
အမြဲအမှတ်တရနဲ့  ပြန်လည် ခံစားတတ်မယ်ဆိုရင်.....ရှင်သန်ရတဲ့ နေ့ရက်လေးတွေက
သာမာန်ထက်တော့ ပိုလှပပြီး
နေချင်စရာကောင်းလာမှာပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Flashback continue::: (Part-A)

ဂျောင်ကုနဲ့ လမ်းခွဲခဲ့ပြီးနောက် မတွေ့ဖြစ်ကြတော့တာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၇၉၀... အဲ့ရက်တွေမှာ ကျွန်တော်ဘယ်လိုနေထိုင်နေခဲ့လဲ သူမေးလာခဲ့ရင်...
မျက်လုံးတွေပွင့်လို့ အသိစိတ်ဝင်တာနဲ့  အတွေးထဲ
ဝင်လာတဲ့ သူ့မျက်နှာလေး နိုးလာတာနဲ့ ပို့နေကြ
message လေးတွေ မပို့ဖြစ်တော့ပေမယ့် စိတ်ထဲကနေတော့ morning ပါ မောင်လို့ မပျက်မကွက်ရေရွတ်ရင်း....တိုင်ဆိုင်မှုတွေ အကြောင်းရင်းတွေမရှိဘဲ
အတွေးထဲပါလာတတ်တဲ့ မောင်နဲ့ပတ်သတ်ရာလေး
တွေကို တမင်စိတ်ကူးယဉ်ရင်း တစ်ယောက်ထဲ
ရီပြုံးရတဲ့ နေ့ရက်တွဟာ မောင့်ကြောင့်နဲ့ပဲ
အသက်ဝင်ခဲ့ရတယ်....
တစ်နေ့တာကိုတော့ မောင့်ကို
Good night kiss လေးပေးပြီး ပြီးပြည့်ဆုံစွာနဲ့ပဲ
အဆုံးသတ်လိုက်ရင်းပေါ့....အဲ့လို လွမ်းဆွေးတမ်းတမှုတွေကို နှစ်သက်ခုံမင်လာတဲ့အထိ....မောင့်ကို
ချစ်ခဲ့ရပါသည်။

Jin-ကျွန်တော်ဟာ အခုဆို uni second year တက်နေပြီ first year မှာ ကျွန်တော့်ရည်မှန်းချက်အတိုင်း scholar
ရခဲ့တယ် Final ပြီးတာနဲ့ foreign မှာကျောင်းဆက်
တက်ခွင့်ရမယ် ပြီးရင် ဟိုမှာ experienceယူပြီး
အလုပ်လုပ် ဒီလောက်ဆို ကျွန်တော့်အိမ်မက်ဟာ
ရုပ်လုံးပေါ်နေပြီလေ...အခု ကျွန်တော်လုပ်ရမှာက
နှလုံးသားနောက်လိုက်ဖို့...
မောင့်ကိုပြန်ဆက်သွယ်မယ်လို့ တွေးလိုက်ရင်း
ကျွန်တော်ဟာ ကလေးတစ်ယောက်လို စိတ်လွတ်
လပ်ပျော်ရွှင်သွားတယ်....နောက်ဆုံးတော့ hyungတို့ရဲ့အချိန်လေးတွေ ရောက်လာတော့မယ် ဂျောင်ကု.....

It is you 🍂(Completed)Where stories live. Discover now