Episode-17(Doubts may kill our love ❌)

1.6K 165 5
                                    

သံသယဆိုတာ ကြောက်စရာအကောင်းဆုံး
မကောင်းဆိုးဝါး မိစ္ဆာရန်သူပဲ...
သံသယဆိုတဲ့ မကောင်းဆိုးဝါးကို ခန္ဓာကိုယ်ထဲ
ဝင်ရောက်ခိုလှုံခွင့်ပြုမိတာနဲ့ လက်ခံလိုက်တာနဲ့
အရာအားလုံးကို အတွင်းကနေ လှိုက်စားသွားမဲ့
ကြောက်စရာ သေမင်းတမံပဲ..
သူ့ကို တစ်ခါလက်ခံမိတာနဲ့ ဘယ်တော့မှ နှင်ထုတ်
မရတော့ဘဲ သံသယတွေက ဝါးမြိုသွားမှာ
အဆုံးမှာတော့ တစစီကွဲကြေသွားပြီး
အရာရာဆုံးရှူံးစေနိူင်တဲ့ တန်ခိုးအစွမ်းတွေရှိတယ်
အဆုံးသတ်ကတော့ သေကြေပျက်စီးကြဖို့ပဲ....

———————————-❌❌❌——————————

Toilet သွားတာ အတော်ကြာနေပြီ ဖြစ်တာကြောင့်
စိတ်ပူလာလို့ လိုက်သွားကြည့်လိုက်တော့ လူတချို့
ထို toilet ဘက် တစ်ခုခု ဖြစ်နေသလို သွားနေတာ
ကြောင့် ပိုကာစိတ်ပူလာပြီး အပြေးသွားလိုက်တော့..

hyung က Kim Tae Young ဆီ ဓါးနဲ့ရွယ်နေတဲ့
လက်ကို ဖမ်းချုပ်ထားကာ ထိုလူမှာ အတင်းရုန်း
နေပြီး ဓါးကိုဝှေ့ရမ်းလိုက်တာကြောင့် hyung ရဲ့
လက်မောင်းကို ထိသွားခဲ့တယ်...

ဘယ်သူမှ ဝင်မတားလိုက်နိူင်ဘဲ အဖြစ်အပျက်ဟာ
မြန်ဆန်လွန်းစွာ ဖြစ်သွားတာကြောင့် ကျွန်တော်
အပါအဝင် အားလုံးဟာ ငေးကြောင်ကာကြည့်နေ
မိရင်း ဝင်မဆွဲနိူင်လိုက်ပါ။

မျက်စိရှေ့မှာတင် ဖြစ်သွားတာမို့ စိုးရိမ်ထိတ်လန့်နေ
ရင်းမှ hyung ဆီသို့ ပြေးသွားလိုက်ပြီး လက်မောင်းမှ
ထွက်နေသောသွေးတွေကြောင့် စိတ်ပူရာကနေ
စိတ်တိုဒေါသ ဖြစ်သွားကာ လက်ကို အားနဲ့ဆုပ်ကိုင်
ပြီး အတင်းခေါ်ထုတ်လာလိုက်သည်။

ကားပေါ်သို့ ဆွဲတင်လိုက်မိသည်အထိ ဒေါသ
ဖြစ်ရကာ ဘေးကနေ ပြောနေသော hyung
စကားတွေကိုလည်း မကြားနိူင်တော့ မျက်စိထဲ
တွင်လည်း ဘာမှမမြင်နိူင်တော့ဘဲ  ဦးနှောက်ရဲ့
ညွှန်ကြားရာ နေရာသို့သာ ဦးတည်မောင်းနေမိသည်။

စိတ်တိုမှုဟာ ကျွန်တော့် တကိုယ်လုံး
ပြောင်းလဲသွားစေလောက်အောင် လွမ်းမိုး
ထားနိူင်ခဲ့သည်။ပထမဆုံး ကျွန်တော့်ရှေ့မှာ
hyung သွေးထွက်သန်ယို ဖြစ်သွားခဲ့ရတာလေ။
ရှိနေလျက်နဲ့ မကာကွယ်ပေးလိုက်နိူင်ခြင်းလို့
တွေးမိကာ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသလို
hyung ကိုလဲ အတော်လေး ဒေါသဖြစ်မိခဲ့သည်။

It is you 🍂(Completed)Where stories live. Discover now