Episode-19(Unchanged Mistakes ☄️)

1.5K 173 25
                                    

ဒီကမ္ဘာမှာ အမှားနဲ့ကင်းနိူင်သောလူရယ်လို့
တကယ်မရှိတာမို့ ထိုလူထဲမှ လူသားတစ်ဦး
ဖြစ်တဲ့ ကျွန်တော်ဟာလည်း အမှားတွေ
ကျူးလွန်ခဲ့မိတယ်လေ...။
အမှားကိုသိလို့ အမှန်ပြင်နိူင်မယ်ဆိုရင်တောင်
ထိုအမှားဟာ ဘယ်လိုနည်းလမ်းနဲ့မှ ပြင်ဆင်လို့
မရနိူင်တော့အောင် အရာအားလုံးကို အစိတ်အမွှာမွှာ
လောင်မြိုက်ပျက်စီးစေတဲ့ အမှားမျိုးဖြစ်နေခဲ့တယ်
ဒီတစ်ခါမှာလည်း ကံကြမ္မာဆိုတဲ့ စီရင်သူကိုပဲ
အပြစ်ပုံချ လိုက်ရတော့မှာလား...

________________☄️☄️☄️_____________

Next Morning 🌞

ဆေးရုံခန်းလေးရဲ့ တံခါးလေးဟာ ဝုန်းခနဲ ပွင့်သွား
ရတာနဲ့ တပြိုင်နက် ကုတင်ပေါ်က ကျွန်တော့်ဆီကို
အပြေးအလွှား ရောက်လာပြီး စိုးရိမ်ပူပန်မှုအပြည့်နဲ့
လက်ကလေးကိုဆွဲကိုင်လိုက်ပါသော ကျွန်တော်ရူး
လောက်အောင် မျှော်နေခဲ့ရတဲ့ သူ.....

Jk-hyung ဘယ်လိုဖြစ်ရတာလဲ..ဘယ်လိုဖြစ်လို့
ဆေးရုံရောက်နေရတာလဲ..ဘာဖြစ်တာလဲဟင်..

လှဲနေရာကနေ ငုတ်တုပ်လေး ထထိုင်ဖို့ ပြင်လိုက်
တော့ ကျွန်တော့် ကိုယ်လေးကို အလိုက်သင့်လေး
ထူပေးလာတဲ့ သူ့ကို ကျွန်တော်တွေတွေလေးသာ
ကြည့်နေလိုက်သည်။

Jk-အခုကော ဘယ်လိုနေသေးလဲ..ဘာဖြစ်တာတဲ့လဲ
ပြောပါအုံး hyung ရဲ့ ဒီမှာ စိတ်ပူလို့ သေတော့မယ်..

တစ်ယောက်ထဲ မေးခွန်းများစွာမေးရင်း ပြာယာခတ်
နေပါသော jungkook ကိုကြည့်ကာ သွားလေးတွေပေါ်အောင် ပြုံးပြလိုက်မိသည်။

Jin-hyung ဘာမှမဖြစ်ပါဘူး..jungkook ရဲ့ အရင်ဆုံး
စိတ်ကို အေးအေး ထားလိုက်ပါအုံးကွာ..

Jk-ထင်တာ့ထင်တယ် hyung ပုံစံကို မနေ့ထဲက အားမရ
တာ..ကျွန်တော့်ကြောင့်ပါ..တစ်ခုခုသာ ဖြစ်သွားရင်လေ
ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်လွှတ်နိူင်မှာမဟုတ်ဘူး
ကျွန်တော် ရူးသွားလိမ့်မယ်..

ကျွန်တော့်လက်လေးကို သူ့ပါးလေးပေါ်ဆွဲတင်ရင်း
ငိုမဲ့မဲ့နဲ့ ပြောနေပုံလေးကို ကြည့်ကာ အသံဖွဖွလေး
ထွက်အောင် ရီလိုက်ပြီးမှ စားပွဲလေးပေါ်မှ ဓါတ်ပုံ
သေးသေးလေးကို သူ့ဆီသို့ ကမ်းပေးလိုက်တော့တယ်...

It is you 🍂(Completed)Where stories live. Discover now