Episode-23(Mask 🎭)

1.3K 139 57
                                    

ကြမ်းတမ်း မှောင်မိုက်ရခြင်းတွေနဲ့
မုန်တိုင်းတွေသာ ပြည့်နေရတဲ့ ကျွန်တော့်ရဲ့
ကောင်းကင်မှာ တိမ်ရောင်စုံတွေဟာ ဘယ်လို
တန်ခိုးအစွမ်းတွေနဲ့ လှလှပပ လင်းနိူင်ပါတော့မလဲ...

မရှင်သန်ချင်ဘဲ အသက်ဆက်ရှင်ရတဲ့သူအတွက်
ကံကြမ္မာကို အရွဲ့တိုက် လစ်လျူရှုခြင်းတွေ
မာကျော ခက်ထန်မှုဆိုတဲ့ လက်နက်တွေနဲ့
ကြံ့ကြံခိုင် ရှင်သန်နေထိုင်ပြလိုက်ခြင်းကသာ
ကျွန်တော့်ရဲ့ အကောင်းဆုံး ရှင်သန်နည်း
တစ်ခု ဖြစ်လာစေဖို့ ကိုယ်တိုင် ဖန်တီးလိုက်ရခြင်း

အပေါ်ယံက နူးညံ့ချိုသာခြင်းတွေ
မေတ္တာ တရားတွေနဲ့  ဖုံးကာထားပေမယ့်
နတ်ဆိုးတွေလို ရက်စက်လွန်းတဲ့ သူတို့တွေရဲ့
မကောင်းတဲ့ စိတ်ဝိဥာဉ်တွေကို ဟန်ဆောင်
ဖုံးကွယ်ထားရင်း မျက်နှာဖုံးတွေနဲ့  ရှင်သန်နေတဲ့
သူတွေဟာ ကြောက်စရာကောင်းတဲ့ လူတွေဆို...
ဒီလိုဖြစ်ဖို့ ကျွန်တော်ကကော ဘယ်လို မျက်နှာဖုံး
တွေကို တပ်ဆင်ပြီး ရှင်သန်နေထိုင်သင့်သလဲ...
နားထောင်ကောင်းအောင်သာ ပြောရတာပါ
တကယ်တော့ သူရဲဘောကြောင်ခဲ့တာမဟုတ်လား
မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ ကာချင်တဲ့သူပေါ့...
သေချာတာက ကျွန်တော့်ပင်လယ်မှာ မုန်တိုင်းတွေဟာ
အဆုံးမသတ်နိူင်တော့ပါဘူး.....

______________🎭🎭🎭______________

ရက်ပေါင်း များစွာ အလုပ်တွေကိုသာ ဆက်တိုက်
ဖိလုပ်ရင်း ရလာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ
အတွေးတွေ အားလုံးကို ကြိုးစား ဖျောက်ဖျက်ပစ်ဖို့
လိုလာတာကြောင့် seok jin ဟန်မြစ်တံတားပေါ်တွင်
တဖြည်းဖြည်းချင်း လမ်းလျှောက်ကာ စိတ်ရော ကိုယ်
ပါ အပန်းဖြေနေခဲ့သည်။

It is you 🍂(Completed)Where stories live. Discover now