အပိုင်း(၂)

7.8K 833 299
                                    

Unicode

ရုံးခန်းထဲlaptopတစ်လုံးဖြင့်အလုပ်လုပ်နေတဲ့ဂျောင်ကုရဲ့အာရုံတွေဟာပစ္စုပ္ပန်မှာရှိမနေပါ။သူ့အာရုံတွေကလွန်ခဲ့တဲ့ငါးနှစ်ဆီသို့.......

"ဂျီမင်းhyung...ဒီမှာhyungအတွက်"

"ကျစ် ငါ့ကိုလာမရှုပ်စမ်းနဲ့ဂျွန်ဂျောင်ကု"

သူမနက်စောစောစီးစီးထဝယ်ခဲ့ရသောအနီရောင်နှင်းဆီပန်းစည်းလေးသည်ချစ်ရသူ၏ဥပေက္ခာအောက်တွင်မြေပြင်ပေါ်သို့လှလှပပသက်ဆင်းခဲ့ရလေသည်။
သူမမုန်းနိုင်ခဲ့ပါ..။18နှစ်ဆိုသည့်အသက်အရွယ်အရအချစ်ကိုသာရူးရူးမူးမူးကိုးကွယ်ခဲ့သလိုသူ့ရဲ့ကိုးကွယ်ရာကလဲပတ်ဂျီမင်းသာဖြစ်ခဲ့ပါသည်။
မြေမြင်ပေါ်ကျသွားသောပန်းစည်းလှလှလေးကိုကြည့်ရင်းသက်ပြင်းချမိသည်..။
ဟူး ဒါကြောင့်ရှေးလူကြီးတွေကချစ်သူကိုအနီရောင်လက်ဆောင်တွေမပေးခိုင်းတာကိုး။

အတွေးထဲမှရုန်းထွက်ပြီးပစ္စုပ္ပန်ကိုသာအာရုံပြုလိုက်သည်။ငါလုပ်နေတာတွေမှန်ရဲ့လား......
ဘယ်လောက်ပဲပတ်ဂျီမင်းကိုမုန်းတယ်ပြောပြော ထိုလူသားမျက်ရည်ကျတာနဲ့သူ့မှာမနေနိုင်တော့ပါ..။
ဘယ်လောက်ပဲအဝေးတစ်နေရာကိုတွန်းထုတ်နေပါစေ မသိစိတ်ကတော့ကျစ်ကျစ်ပါအောင်ထွေးဖက်ပြီးပန်းရောင်ဆံနွယ်အိအိတွေကိုနမ်းရှိုက်ချင်မိသား..။

မချစ်ဘူးလို့ပြောရင်တောင်..အနည်းဆုံးတော့ချစ်ခဲ့တယ်လေ..။သေဆုံးသွားခဲ့ရတဲ့သူ့အဖေမျက်နှာကိုတွေးမိတိုင်းပတ်ဂျီမင်းကိုနာကျည်းပေမယ့် တစ်ခါတစ်ခါသူကသားအရင်းမဟုတ်ဘူးလေ..သူနဲ့ဘာဆိုင်လို့လဲဆိုတဲ့ကြောင်တောင်တောင်အတွေးကြီးကဝင်မိသေး။

ဂျွန်ဂျောင်ကုဆိုသည်မှာ........ပတ်ဂျီမင်းကို
တစ်ချိန်တည်းမှာပဲ
ဦးနှောက်ရဲ့တစ်နေရာကမုန်းပြီး နှလုံးသားရဲ့တစ်နေရာကချစ်နေတာမျိုး
မသိစိတ်ရဲ့တစ်နေရာကနေလက်ခံချင်ပေမယ့် မာနရဲ့တစ်စိတ်တစ်ပိုင်းကနေငြင်းဆိုနေတာမျိုး
အဖြေရှာမရတဲ့မရေမရာဒွိဟတွေကိုသေချာစူးစမ်းကြည့်ရင်တော့သူပတ်ဂျီမင်းကိုချစ်ကောင်းချစ်နေနိုင်ပါသေးသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now