Extra 2

2.2K 157 15
                                    

Unicode

"ကိုကို"

"ဟင်..."

ဂျောင်ဟိုလေးကို သိပ်နေရာမှ ခေါ်သံကြားတာကြောင့် အသံလာရာနေရာကို ဂျီမင်းလှမ်းကြည့်လိုက်တော့ အခန်းတံခါးဝမှာ ခေါင်းပြူနေတဲ့ အမျိုးကောင်းသားလေး ဂျွန်ဂျောင်ကု။ ဘာလဲဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်တော့ ဟီးခနဲရယ်ပြကာ အနားကိုကပ်လာလေသည်။

"သား အိပ်ပြီလား"

"အင်း အခုလေးတင်"

"သားက ချစ်စရာလေးနော်"

"အင်း မင်းနဲ့တူတော့ ချစ်စရာလေး"

ပြုံးစိစိနဲ့ မျက်စောင်းထိုးပြီး စ,နောက်လိုက်တော့ 'ကိုကိုကဗျာ...' ဟုသံရှည်ဆွဲကာ ဂျီမင်းရဲ့ပခုံးပေါ် မေးတင်လာသည်။

မညှပ်ဘဲထားတဲ့ ဂျောင်ကုရဲ့ဆံပင်တွေက ရှည်လျားကာ လည်ဂုတ်ကိုပင်ကျော်နေချေပြီ။ tattooတွေကိုလည်း ထည်ဖြည့်ထားတာ​ကြောင့် ဂျောင်ကုပုံစံဟာ ကုမ္ပဏီဥက္ကဌဆိုတာထက် ဂန်းစတားနဲ့ပင်ပိုတူနေချေပြီ။

"ဆံပင်လေးတွေကို အနောက်ကနေ စည်းပေးချင်လိုက်တာ"

လည်ဂုတ်နားက ဆံပင်လေးတွေကို ဆွဲဖွပေးရင်း ဂျီမင်းပြောမိတော့

"စည်းပေးလေ၊ မောင့်ခေါင်းကို ကိုကို ကိုင်ရင် ကြိုက်တယ်"

"အိပ်ခါနီးမှတော့ မစည်းနဲ့တော့၊ မနက်နိုးရင် နာနေလိမ့်မယ်"

"ဒါနဲ့လေ..."

"နေဦး၊ သားအိပ်တဲ့ဆီလာပြီး စကားများမနေနဲ့၊ နိုးသွားလိမ့်မယ်၊ အခန်းထဲသွားမယ် လာ..."

အရှေ့ကနေ ဂျီမင်းကအရင်ထွက်သွားတော့ ဂျောင်ကုကလည်း အနောက်ကနေ ပါလာသည်။ သူတို့ရဲ့အခန်းထဲဝင်လိုက်ပြီး ဂျီမင်းက ကုတင်ပေါ်ဝင်လှဲတော့ ဂျောင်ကုကပါ ဂျီမင်းဘေးမှာ ဝင်လှဲသည်။

"ခုနက စကားလေးဆက်ပါဦး"

ဂျောင်ကုဘက်လှည့်ပြီး စကားစလိုက်တော့ ဂျောင်ကုက သူ့ကိုရင်ခွင်ထဲဆွဲသွင်းပြစ်သည်။

"မောင် boxing ပြန်လေ့ကျင့်မလို့"

"ကောင်းတာပေါ့၊ လေ့ကျင့်ပြီးရင် မောင်က ကိုကို့ကို ကာကွယ်ပေး"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now