အပိုင်း(၁၄)

5.8K 654 64
                                    

Unicode

ဂျီမင်း တွေ့ရာTaxiကိုကောက်တားလိုက်ပြီး Dream Yuralကိုသာထွက်လာမိသည်။ ကုမ္ပဏီရှေ့ရောက်တော့ သူချက်ခြင်းကားပေါ်က ဆင်းပြေးလိုက်သည်။ Taxiခလည်းမရှင်းခဲ့။ ရှင်းစရာပိုက်ဆံလည်းပါမလာ။ နောက်ကTaxiသမားကတော့ တကြော်ကြော်အော်ခေါ်လို့။ ​အခြေအနေတွေက ဗရုတ်သုတ်ခနိုင်လိုက်တာ။

ကုမ္ပဏီထဲကိုတစ်ချိုးထဲ ဝင်ကာcounterက မိန်းကလေးတေ​ွကိုCEOရုံးခန်း ဘယ်မှာရှိလဲ အရင်မေးရသေးသည်။ ဒါတောင်သူ့ကိုစစ်လား ဆေးလား လုပ်နေလို့ပိတ်အော်ခဲ့မိသေး။ လိုရင်းကိုမရောက်နိုင်ဘူး။ နောက်ဆုံးရုံးခန်းတည်နေရာကိုသိ၍ ဓာတ်လှေကားကနေတက်မည်အလုပ် ကြာနေ၍ လှေကားကနေပဲ အထပ်နှစ်ဆယ်လောက်ကိုပြေးတက်ခဲ့သည်။

ရုံခန်းရှေ့ရောက်တော့ အတွင်းရေးမှူးလို့ထင်ရတဲ့ကောင်မလေးက သူ့ကိုတားလာသည်။

"ဘာကိစ္စရှိလို့လဲ"

"ငါမင်းတို့CEOနဲ့တွေ့စရာရှိလို့"

"CEOအပြင်သွားတယ် ကြိုတင်ချိန်းထားတာတွေရှိလား"

"ဟင့်အင်း မရှိဘူး"

"မရိှရင်တွေ့လို့မရဘူး"

"ဖယ်စမ်းပါ အပြင်သွားလည်းငါထိုင်စောင့်နေမယ် အရေးကြီးလို့"

"အို...တွေ့လို့မရပါဘူးဆို"

"အဲ့တာဘာဖြစ်နေကြတာလဲ!"

လက်စွပ်သွားရွေးတာလည်း အဆင်ပြေမလာခဲ့၍ ကုမ္ပဏီသို့ စိတ်ရှုပ်ရှုပ်နဲ့ပြန်လာစဥ် ရုံးခန်းရှေ့တရုန်းရုန်းနဲ့ ဘာဖြစ်နေကြလဲမသိ။ တစ်ချက်ကြည့်လိုက်မိတော့...ဟင်!!! အဲ့တာပတ်ဂျီမင်းမလား သူကဘာကိစ္စနဲ့ဒီအထိ... ညာဘက်ပါးတစ်ဖက်က ရုတ်တရက်ကြီးနာလာသလို။ စိတ်တိုတိုနဲ့လှမ်းအော်လိုက်တော့ နှစ်ယောက်စလုံးကသူ့ကိုလှည့်ကြည့်လာသည်။

"ယွန်းဂျီအာ"

"ဘာလဲ ဒီနေရာကရှင်လာလို့ကောင်းတဲ့နေရာ မဟုတ်ဘူးနော်"

"ငါမင်းနဲ့အရေးတကြီးတိုင်ပင်စရာရှိတယ်"

ခပ်တည်တည်ကြည့်ပြီး ရုံးခန်းထဲဝင်လာခဲ့သည်။ နောက်ကပတ်ဂျီမင်းကလည်း ခပ်ခွာခွာကနေ လိုက်လာသည်။ အလုပ်စားပွဲမှာဝင်ထိုင်လိုက်တော့ ပတ်ဂျီမင်းက စားပွဲခုံရှေ့မှာမတ်တပ်ရပ်နေသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now