အပိုင်း(၂၄)

7.4K 704 139
                                    

Unicode

ချမ်းစိမ့်လာတဲ့အအေးဓာတ်ကြောင့် ဂျောင်ကုတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ အကျီ ်လစ်ဟာနေတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက အေးနေပေမယ့် ရင်ခွင်ထဲကနွေးသ​ယောင်ဖြစ်နေတဲ့အရာလေးကိုခံစားမိလို့ မျက်လုံးကိုမရမကဖွင့်ကြည့်လိုက်မိတော့ သူ့အမျိုးသား​လေး။

သောက်ထားတဲ့အရှိန်ကြောင့် ခေါင်းတွေကထိုးကိုက်ချင်နေပေမယ့် မြင်လိုက်ရတဲ့မျက်နှာနုနုလေးကြောင့် ဘာဆိုဘာမှမသိတော့။ ဆံပင်နုနုတို့ကြား လက်ချောင်းတွေတိုးဝင်ပြီးဆွဲဖွပေးနေမိသည်။ အတူတူမအိပ်ရတာဘယ်လောက်တောင်ကြာနေပြီလဲ။ ခပ်ရှင်းရှင်းမျက်နှာလေးကိုကြည့်နေရင်းမှ စဥ်းစားစရာတို့ကပေါ်လာရသည်။

နေစမ်းပါဦး။ သူကဘယ်လိုဖြစ်လို့ဒီကိုရောက်နေရတာလဲ။ ညကသူသောက်နေရင်းမှောက်သွားတယ် ပြီးတော့ကိုကိုလာခေါ်တာလား။ ကိုကိုကရော ဘယ်လိုသိသွားတာလဲ။ ဒါနဲ့ သူနဲ့အတူပါလာတဲ့လက်ထောက်လေးကရောဘယ်ရောက်သွားလဲ။

စဥ်းစားခန်းဖွင့်နေစဥ် ကိုကိုကလှုပ်ရှားလာတာကြောင့် နောက်ကျောလေးကိုအသာလေးပွတ်ပေးပြီး ကလေးချော့သလိုချော့ပေးလိုက်သည်။

"အိပ်..အိပ် မောင်ရှိတယ်"

ထိုအခါမှသူ့လည်ပင်းကြား မျက်နှာအပ်ကာပြန်အိပ်ပျော်သွားသည်။ သူ့ကိုယ်သူပြန်ကြည့်မိတော့ အကျီ ်မပါ။ ညကသူမူးမူးရူးရူးနဲ့ ကိုကို့ကိုအခွင့်အရေးတွေယူမိလိုက်သေးလား။ မဟုတ်သေးပါဘူး ကိုကို့မှာအဝတ်အစားကအပြည့်အစုံရှိပါသေးတယ်။ ဒါမှမဟုတ် သူအန်ချလိုက်မိတာလား။ ဘုရားသိကြားမ,လို့ ညကသူမအန်ချပဲ အေးအေးဆေးဆေးအိပ်ပျော်သွားတာမျိုးပဲဖြစ်ပါစေ။

ဂျီမင်းအိပ်ပျော်နေပေမယ့် တစ်စုံတစ်ယောက်ကစိုက်ကြည့်နေတယ်ခံစားရတာကြောင့် မသိစိတ်ရဲ့လှုံ့ဆော်ချက်အရ နိုးလာရသည်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အကျီ ်မပါတဲ့အမူးသမား။ အမယ် သူကထိုအမူးသမားကို ကျကျနနကိုဖက်အိပ်ထားတာပဲ။ ကုန်းရုန်းထလိုက်တော့ ဂျောင်ကုကပါသူ့နား ထထိုင်သည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now