အပိုင်း(၁၈)

6.1K 643 86
                                    

Unicode

"ရောက်နေတဲ့နေရာမှာ အဆင်ပြေပြေရှိနေတယ်မဟုတ်လား"

"လွမ်းတယ်အများကြီး...."

"တောင်းပန်ပါတယ် ဒီအစ်ကိုကအသုံးမကျခဲ့လို့"

အရိုးပြာအိုးထည့်ထားတဲ့ မှန်ဘောင်လေးရှေ့ မတ်တပ်ရပ်နေရင်း ဖြေဆိုသံကင်းမဲ့နေတဲ့ မေးခွန်းတွေနဲ့စကားတွေကို သူပြောနေမိသည်။

"ဂျီမင်း တရားခွင်သွားကြစို့လေ အချိန်နီးနေပြီ"

"အင်း ခဏနော်"

အသံလှမ်းပေးတဲ့ထယ်ယောင်းကိုရဲ့စကားကို ပြန်ဖြေလိုက်ပြီး မှန်ဘောင်လေးဆီကိုသာမျက်နှာမူလိုက်သည်။

"နောက်တစ်ခါကျရင်လည်း ကိုကို့ညီမလေးဖြစ်ပေးပါနော် အဲ့အခါဆိုရင်တော့ ကိုကို
မင်းကိုသေချာဂရုစိုက်ပါ့မယ် ပျောက်သွားတာတွေလည်း မရှိစေရပါဘူး မေ့သွားတာမျိုးလည်း မဖြစ်စေရပါဘူး ကိုကိုကသေချာဂရုစိုက်မှာမို့လို့ ဂျီအာက ကိုကို့ညီမလေးအဖြစ်ပြန်မွေးဖွားလာရမယ်နော် ကိုကို့ကိုအဲ့အချိန်ထိစောင့်ပေးမယ်မလား"

"အဆင်ပြေပြေရှိနေပါစေ ကိုကိုအရေးကြီးကိစ္စရှိလို့သွားတော့မယ် ပြန်လာခဲ့မယ်နော်"

အရိုးပြာအိုးလေးတွေ ထား,ထားတဲ့နေရာကနေ ထွက်လာပြီး တရားရုံးကိုခရီးဆက်ကြလေသည်။

>>> မဂ်လာပွဲနေ့ကိုပြန်သွားရမယ်ဆိုရင်ဖြင့် <<<

"ကိုကို သတိထား"

"အစ်ကို"

"ဂျီမင်း!!!"

အော်ခေါ်သံအဆုံးမှာ တွန်းထုတ်ခံလိုက်ရတဲ့အရှိန်နဲ့ သူ့တစ်ကိုယ်လုံးလွင့်ထွက်သွားရသည်။အောင့်သက်သက်နာကျင်မှုနဲ့ ဒူးတွေ၊တံတောင်ဆစ်တွေမှာသာ စပ်ဖျင်ဖျင်းဝေဒနာကို ခံစားလိုက်ရတာကြောင့် ကားတိုက်ခံရခြင်းတော့ သေချာပေါက်မဟုတ်ခဲ့။ မတိုက်မိအောင်အတွန်းခံလိုက်ရခြင်းသာ။

ဒါ...ဒါဆို ဘယ်သူ့ကိုတိုက်မိသွားတာလဲ။ လဲ​ကျနေရင်းမှ စိုးရိမ်တကြီးနောက်ပြန်လှည့်ကြည့်မိတော့ တစ်ကိုယ်လုံးကသွေးတွေ ရပ်တန့်သွားရသလို။ သွေးအိုင်ထဲလဲနေတာက... အဖြူရောင်ဂါဝန်လေးနဲ့ မိန်းကလေးတစ်ယောက်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now