အပိုင်း(၇)

7.1K 840 96
                                    

Unicode

ပြတင်းပေါက်ကတစ်ဆင့်ကုတင်ပေါ်ထိုးကျလာတဲ့နေရောင်နဲ့ငှက်တွေရဲ့ပကျိပကျိအသံကြောင့်ဂျီမင်းနိုးလာရသည်။ဘေးကိုလှည့်ကြည့်လိုက်တော့အိပ်ပျော်နေတဲ့သူ့ရဲ့ကမ္ဘာလေး။

မောင်ဟာဒီနှစ်တွေအတွင်းချောလာလိုက်တာဆိုတာအရပ်ကြီးကလည်းမဟားတရားရှည်လာတာ။မောင့်အကြောင်းချီးကျူးဋ္ဌောပနာပြုနေတုန်းမိန်းကလေးတစ်ယောက်ကလည်းသူနဲ့အပြိုင်မောင့်ကိုပိုင်ဆိုင်နေရတယ်ဆိုတဲ့အသိကဝင်လာတော့ကြည်နေတဲ့ဂျီမင်းစိတ်တွေနောက်ထွက်သွားရသည်။ဘေးတစ်စောင်းအိပ်နေရာမှပက်လက်လှန်ပြီးမျက်နှာကျက်ကိုသာအကြောင်းမဲ့စိုက်ကြည့်နေမိသည်။

မောင်ဘယ်လိုပဲသူ့ကိုလိမ်ပြီးလျှို့ဝှက်ထားပါစေ Jeonphoriaရဲ့ ဥက္ကဋ္ဌနဲ့ Dream Yuralရဲ့ CEOတွဲနေတယ်ဆိုတဲ့သတင်းက socialလုံးဝမသုံးတဲ့သူ့နားထဲပေါက်တဲ့အထိကိုသတင်းခေါင်းစဥ်တွေကြားရေပန်းစားခဲ့သည်လေ။

Koreaနိုင်ငံရဲ့ထိပ်တန်း ဒိတ်ဒိတ်ကြဲလုပ်ငန်းစုနှစ်စုရဲ့သတင်းတွေကိုသူမသိလောက်ဖူးထင်ကာဖုံးကွယ်ထားသောမောင်သည် သူထင်ထားတာထက်ပင်ပို၍နုံအနေလေသည် သို့မဟုတ် သူ့ကိုပဲခပ်နုံနုံလူစားလို့တွေး၍ဖုံးကွယ်ထားသည်ပဲလား။သေချာတာတစ်ခုကတော့မောင်သည်ဘယ်တော့မှသူ့အားအထင်မကြီးခဲ့ပါ။

ဒီကိစ္စကိုသုံးနှစ်ကြာသွားတဲ့အထိမောင်လုံးဝသူ့ကိုမပြောခြင်းကသူနဲ့လမ်းခွဲဖို့စိတ်ကူးမရှိဘူးဆိုတဲ့သဘောကိုဆောင်ခြင်းလား၊သူ့စိတ်သူသေချာအောင်လုပ်ခြင်းလား...ဒါမှမဟုတ် သူ့ကိုအရူးလုပ်ခြင်းလား။

အတွေးတွေနဲ့တင်မောင့်ယုယမှုနဲ့အနမ်းတွေအောက်မှာယုံကြည်စွာမပျော်ရဲပါ။မောင်သူ့ကိုနမ်းတိုင်း ဟိုမိန်းကလေးကိုရောဒီလိုနမ်းလားဆိုသည့်အတွေးကအမြဲစိုးမိုးလို့။မောင့်ရဲ့အရာအားလုံးကိုသူတစ်ယောက်တည်းသာပိုင်ဆိုင်ခြင်ပါသည်။သူ့ကိုလည်းချစ်မယ်၊ဟိုမိန်းကလေးကိုလဲမပြတ်ဘူး...အဲ့လိုလား။
ကျစ်....မောင်တစ်ကယ်ဘာဖြစ်ချင်နေတာလဲ။မောင့်ခြေလှမ်းတွေကိုသူလိုက်မမှီတော့ပါ....

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now