အပိုင်း(၂၁)

6K 641 89
                                    

Unicode

ရက်၊လ၊နှစ် အချိန်စက်ဝန်းတွေက အချိန်နဲ့ဒီရေအလိုက် နှစ်ကြိမ်တိုင်တိုင်ပြောင်းလဲသွားခဲ့ပေ
မယ့် လိုက်ရှာနေခဲ့တဲ့ ခြေရာငယ်လေးကိုတော့ အခုထိတိုင် ရှာမတွေ့ခဲ့။

နှစ်နှစ်ရှိခဲ့ပြီ။ ကိုကိုသူ့ဆီကနေထွက်သွားတာ နှစ်နှစ်ရှိပြီ။ ပျောက်သောသူရှာရင်တွေ့ဆိုတဲ့ စကားပုံကသူ့အတွက်တော့ မဟုတ်ခဲ့ဘူးထင်တယ်။ အမျိုးသားလေးကပဲ သေးနေတာလား။ ကမ္ဘာကြီးကပဲကြီးနေတာလား။ လူအင်အား၊ငွေအင်အားနဲ့ နေ့စဥ်ရက်ဆက်ရှာနေခဲ့တာတောင် သတင်းလုံးဝမကြားရ။

ကမ္ဘာကြီးကိုမြေလှန်ရှာပြစ်မယ် လို့အားတင်းထားခဲ့ပေမယ့် အပုန်းကောင်းလွန်းတဲ့ အမျိုးသားလေးကြောင့် မောင့်မျှော်လင့်ချက်တွေဟာ တစ်ဖြည်းဖြည်းလျော့နည်းလာရပြီ။ ကမ္ဘာပေါ်မှာ မောင်မသိသေးတဲ့နိုင်ငံများရှိသေးတာလား။

ယောက္ခမတွေဆီသွားပြီး စကားလမ်းကြောင်းလေးစကြည့်ပေမယ့် ဘာအဖြေမှပြန်မရခဲ့သလို ထယ်ယောင်းhyungဆီခဏခဏမေးခဲ့ပေမယ့် ငါမသိဘူး ဆိုတဲ့အဖြေကိုသာရနေသည်။ လိမ်နေတာသူကလွဲပြီး အကုန်လုံးကိုကိုနဲ့အဆက်အသွယ်ရနေတာကို..။ ကိုကို့ကိုပြန်ရှာတွေ့မှ ကိုကို..မောင့်ကိုသူတို့လိမ်တယ် ဆိုပြီး တန်းစီတိုင်ပြစ်မယ်။

အထပ်မြင့်အဆောက်အအုံကြီးရဲ့ မှန်ပြတင်းပေါက်ကနေ အောက်ထပ်ကို ဂျောင်ကုလှမ်း
ကြည့်နေမိသည်။ ဒီနှစ်နှစ်အတွင်း လုပ်ငန်းတွေကိုလည်း ပြန်ထူထောင်နိုင်ခဲ့သလို နာမည်ဆိုးတွေကိုလည်း ပြန်ဖျက်နိုင်ခဲ့ပေမယ့် ကိုကို့ကိုရှာမတွေ့တာက တစ်ကယ့်ပြဿနာ။

ဒေါက်...ဒေါက်...ဒေါက်

"သူဠေး ကျွန်တော်ဝင်လာပြီနော်"

လက်ထောက်ကအသံပြုပြီးဝင်လာလေသည်။

"ဘာတွေစုံစမ်းလို့ရလာလဲ"

"က​နေဒါမှာရှိတဲ့ Serendipity Jiရဲ့ဖက်စပ်လုပ်ငန်းတစ်ခုမှာ မန်နေဂျာအသစ်ရောက်နေတယ်သူဠေး ပြီးတော့အဲ့မန်နေဂျာကလည်း ကိုရီးယားလူမျိုးတဲ့ တစ်ချို့ကလည်း ဥက္ကဠပတ်ရဲ့သားလို့ပြောနေကြတယ်"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now