အပိုင်း(၁၆)

6.2K 687 100
                                    

Unicode

ဒီနေ့meetingပွဲမှာ ကင်ထယ်ယောင်းကိုတွေ့ရသဖြင့် ဂျောင်ကုစိတ်တွေကmeetingကိုအာရုံမစိုက်နိုင်တော့ပေ။ အကြောင်းအရင်းကတော့ တစ်ခြားမဟုတ်ခဲ့ ကိုကို့အကြောင်းမေးချင်ရုံသာ။ တစ်ချိန်လုံး အောင့်အီးသည်းခံလို့အပြီးမှာတော့ meetingအဆုံးသတ်သွားခဲ့သည်။ အလျှိုလျှိုအခန်းထဲက ထွက်ခွာချိန်မှာဂျောင်ကု ထယ်ယောင်းရဲ့လက်မောင်းကိုပြေးဆွဲလိုက်သည်။

"ထယ်ယောင်းhyung..."

ထယ်ယောင်းကသူ့ကိုလှည့်ကြည့်လာသည်။ အဲ့အကြည့်ထဲ အမုန်းတွေ၊ရွံရှာမှုတွေ၊စိတ်ပျက်မှုတွေကအပြည့်။ ဒါတွေသူဂရုမစိုက်နိုင်တော့ပါ။ လိုက်ပြီးလည်း အဓိပ္ပါယ်မဖော်ချင်တော့။ သူသိချင်တာကိုပဲ အာရုံရှိနေသည်။

"ကျွန်တော်ပြောစရာရှိလို့ ရုံးခန်းထဲခဏလောက် လိုက်ခဲ့ပေးပါလား"

"မင်းရုံးခန်းထဲလိုက်ရလောက်အောင်အထိ ငါအားမနေဘူး ပြောချင်ဒီမှာပြော"

"ဂျီမင်းhyungအဆင်ပြေလားသိချင်..."

ခွပ်........

ကြမ်းပြင်ပေါ် ဗရမ်းဗတာလဲကျပြီး နှာခေါင်းမှသွေးတွေလျံထွက်လာတဲ့အထိ ထယ်ယောင်းရဲ့လက်သီးချက်ဟာ ပြင်းထန်လွန်းခဲ့သည်။

"ကွာရှင်းပြီးပြီးချင်း အထုတ်တစ်ထုပ်နဲ့ ့အိမ်ပေါ်ကနှင်ချလိုက်တဲ့ကောင်က ငါ့ကိုဘာတွေလာမေးနေတာလဲ"

ပြောစကားတွေကိုအာရုံမစိုက်နိုင်။ နှာခေါင်းကသွေးတွေကိုသာ အရင်သုတ်ပစ်ရသည်။ မူးနေတဲ့ခေါင်းကို အသာထိန်းကာမတ်တပ်ပြန်ရပ်၍ စကားကိုဆက်သည်။

"မဟုတ်ဘူး ကျွန်တော်ကသူအဆင်ပြေလားပဲ..."

"ထပ်ပြောရင် မင်းကိုငါထပ်ထိုးမိမယ် ဂျွန်ဂျောင်ကု"

"Hyungကြိုက်သလောက်ထိုး အသေပါသတ်လည်းရတယ် ဒါပေမယ့် ဂျီမင်းဘယ်လိုနေနေလဲပဲ ကျွန်တော့်ကိုပြောပေးသွားပါ"

"ငါမင်းကို ကျောင်းကတည်းကပတ်ဂျီမင်း မျက်နှာတစ်ခုတည်းနဲ့ သည်းခံခဲ့တယ် အခုလည်း စုတ်ပြတ်သတ်သွားအောင် လုပ်ပစ်ချင်တာ လက်ကိုယားနေတာပဲ ဒါပေမယ့်ပတ်ဂျီမင်းကြောင့် ငါသည်းခံနေတာ မင်းမျက်နှာဖူးယောင်နေတာ ငါ့လက်ချက်မှန်းသိရင် ဂျီမင်းကငါ့ကိုစိတ်ဆိုးမှာလေ ပြီးတော့ နောက်လေးရက်လောက်နေရင် လက်ထပ်တော့မယ် သတို့သားရဲ့မျက်နှာမှာ အညိုအမဲကြီးစွဲနေရင် ဘယ်ကြည့်ကောင်းပါ့မလဲ"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteOnde histórias criam vida. Descubra agora