အပိုင်း(၁၂)

6.1K 670 56
                                    

Unicode

"ဘာ...ကွာရှင်းလိုက်တယ်ဟုတ်လား"

Closedဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ဆွဲထားတဲ့ဆိုင်လေးအတွင်းမှ ထွက်လာသောကင်ထယ်ယောင်း၏အသံသည် ဟိန်းခနဲ။စားပွဲတစ်ခုတွင်သူငယ်ချင်းနှစ်ယောက်ကြားဝင်ထိုင်နေတဲ့မင်ယွန်းဂီခင်ဗျာလည်း ဘေးကနေရုပ်သေကြီးနဲ့ထိုင်နေတဲ့ပတ်ဂျီမင်းကိုပဲဆက်အားပေးရမလို၊ဒေါသတကြီးထအော်တဲ့ကင်ထယ်ယောင်းကိုပဲပြေးဆွဲရမလို လမ်းတွေကိုပျောက်လို့။

"ပတ်ဂျီမင်း မင်းရူးနေလားဒီလိုဖြစ်မှာဆိုးလို့သုံးနှစ်လုံးလုံးဘာမှမသိတဲ့အရူးတစ်ယောက်လိုနေခဲ့ပြီးမှ ဘာလို့အခုကျမှကွာရှင်းတာကိုလက်ခံလိုက်ရတာလဲ ငါသာမင်းနေရာမှာဆိုဂျွန်ဂျောင်ကုကိုဆွဲထိုးပစ်ခဲ့ပြီ မင်းမို့လို့အသာတကြည်ကွာရှင်းပေးတဲ့အပြင်အထုတ်ပါဆွဲပြီးအိမ်ပေါ်ကနေဆင်းလာရတယ်လို့ကွာ တောက်..."

"မင်းပြောသလိုပဲ ငါမို့လို့ပေါ့ယောင်းရယ်"

မျက်နှာသေနဲ့ထိုင်နေရာမှဂျီမင်းဘက်ကစကားပြန်စလာသည်။

"တစ်ခြားသူမဟုတ်ပဲငါမို့လို့လက်ခံပေးလိုက်တာပေါ့ မောင့်ပုံစံကအရမ်းတွေရွေးချယ်ရခက်နေတဲ့ပုံဖြစ်နေတာယောင်း မင်းမြင်ရင်ရယ်တောင်ရယ်မှာ အရာအရာကိုတိကျပြတ်သားတဲ့ဂျွန်ဂျောင်ကုကဆောက်တည်ရာမရဖြစ်နေတာလေ ဟိုမိန်းကလေးနဲ့ငါထိပ်တိုက်တွေ့မှာကိုသူကြောက်နေတာ ငါ့ကြောင့်ဟိုမိန်းကလေးနဲ့သူ့ဆက်ဆံရေးရှုပ်ထွေးမှာကို သူစိတ်ပူနေတာ"

စကားဝိုင်းလေးကဂျီမင်းအသံမှအပတစ်ခြားအသံများကင်းမဲ့လျက်.........

"ငါကမောင်လျှောက်မယ့်လမ်းမှာအနှောင့်အယှက်တစ်ခုမဖြစ်ချင်ဘူး ငါ့​ကြောင့်နဲ့မောင်တွေဝေနေရတယ်ဆိုတာကိုငါမလိုချင်ဘူးယောင်းရဲ့မင်းသိလား"

"မင်းဂျွန်ဂျောင်ကုကိုချစ်တယ်ဆို"

ဂျီမင်းခေါင်းကိုဖြည်းညှင်းစွာခါလိုက်သည်။

"မဟုတ်ဘူးယောင်း မောင့်အပေါ်ငါထားတဲ့မြတ်နိုးမှုတွေကိုအချစ်ဆိုတဲ့စကားလုံးလောက်နဲ့ဘောင်ပိတ်ပစ်လိုက်လို့မရဘူး၊ ငါ့အချစ်တွေကအတိုင်းအဆမဲ့သွားတဲ့အခါမှာတော့မောင့်အတွက်အေးချမ်းစေမယ့်မေတ္တာတရားဖြစ်သွားခဲ့တာ ချစ်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ငါမောင့်ကိုဆွဲမထားနိုင်ဘူး မောင်မပျော်ရွှင်ရင်ငါလည်းမပျော်ရွှင်နိုင်ဘူးလေယောင်းရယ် မင်းလည်းသိမှာပါ ယွန်းဂီhyungအပေါ်ထားတဲ့မင်းအချစ်တွေနဲ့ မောင့်အပေါ်ထားတဲ့ငါ့အချစ်တွေမတူပေမယ့်လည်းပေါ့"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now