အပိုင်း(၁၀)

6.8K 659 73
                                    

Unicode

(Warningပိစိကွေး)

"အန်တီတို့ကသားကိုဘယ်ခေါ်သွားကြမလို့လဲ သားအိမ်မှာပဲနေရမှာ ဖေဖေတို့ပြန်လာလို့သားကိုမတွေ့ရင်စိတ်ပူနေကြလိမ့်မယ်"

"ကလေး မင်းမိဘတွေကဆုံးသွားကြပြီတဲ့မင်းညီမလေးကိုလည်းရှာမတွေ့ဘူးတဲ့ မင်းတစ်ယောက်တည်းနေရင်အန္တရယ်များတယ် ဂေဟာကိုပဲလိုက်သွားလိုက်ပါကွယ်"

သူ့ကိုဖျောင်းဖျနေတဲ့လူတွေကြားမှအတင်းရုန်းပြီးထွက်ပေါက်ရလိုရငြားပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်လိုက်မိတော့သစ်ပင်တစ်ပင်အောက်မှာသူ့ကိုပြုံးပြနေတဲ့ဖေဖေနဲ့မေမေ။

သူအားရဝမ်းသာစွာပဲသူ့ကိုဝိုင်းထားတဲ့လူအုပ်ကြီးဘက်ကိုလှည့်ပြောလိုက်မိသည်။

"ဟိုမှာဖေဖေနဲ့မေမေရှိတယ် သားဘယ်မှမလိုက်ဘူး"

"ဘယ်မှာလဲ"

"ဟိုမှာ....."

အဒေါ်ကြီးတစ်ယောက်ကမေးလာချိန်မှာတော့သူဝမ်းသာအားရလက်ညှိုးထိုးပြလိုက်ပါသည်။ဒါပေမယ့်သစ်ပင်အောက်ကဖေဖေနဲ့မေမေကတော့ခုနကလိုပုံစံမျိုးမဟုတ်ခဲ့။တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့မိဘနှစ်ပါးကသူ့အားအပြစ်သားလိုမျိုးစူးစူးရဲရဲစိုက်
ကြည့်နေကြသည်။

ဟင့်အင်း............
မကြည့်ပါနဲ့ သူ့ကိုအဲ့လိုမကြည့်ပါနဲ့။
သူဘာလုပ်ထားမိလို့လဲ။

"အခုထိညီမလေးကိုရှာဖို့မကြိုးစားဘူးလား"

ဖေဖေနဲ့မေမေ့ဆီကပြိုင်တူထွက်လာတဲ့စကားကြောင့်သူတစ်ကိုယ်လုံးတုန်လှုပ်သွားမိသည်။
ဘာလဲ....ညီမလေးကသေသွားပြီဆို။

"မင်းကအသုံးမကျတဲ့အစ်ကိုတစ်ယောက်ပဲချွဲဂျီမင်း"

"မဟုတ်ဘူး"

သူ့ကိုဒီအိပ်မက်ကနေတစ်ယောက်ယောက်လာနှိုးပေးကြပါ။သူမနေချင်တော့ဘူး။
ဂျောင်ကု.....ဂျောင်ကုရေမင်းဘယ်မှာလဲ။
________

"မဟုတ်ဘူး ကျွန်တော်ဘာမှမသိဘူး ညီမလေး"

အစီအစဥ်မကျသောအော်သံတစ်ဝက်တစ်ပျက်ကြောင့်ဂျောင်ကုနိုးလာရသည်။ဘေးကိုကြည့်လိုက်မိတော့တစ်ကိုယ်လုံးချွေးတွေရွှဲကာယောင်နေတဲ့ဂျီမင်း။အိပ်မက်ဆိုးတွေမက်နေတာလား။ဘာမှတွေးမနေတော့ပဲကိုယ်လုံးငယ်အားအကြမ်းပတမ်းဆွဲလှုပ်ကာနှိုးလိုက်သည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now