အပိုင်း(၉)

6.5K 667 88
                                    

Unicode

ဟိုနေ့ကကိစ္စဖြစ်ပြီးကတည်းကယွန်းဂီတစ်ယောက်ထယ်ယောင်းကိုရှောင်နေမိသည်။ရှက်တာရောမျက်နှာချင်းမဆိုင်ရဲတာကိုပေါင်းပြီးစကားတောင်မပြောဖြစ်။ထယ်ယောင်းကတော့သူဘာများလုပ်မိလို့လဲဆိုပြီးအရိပ်တကြည့်
ကြည့်နဲ့နေ နေရသည်။သွားလဲမမေးရဲ တော်ကြာကိုယ့်အော်ထုတ်နေမှဖြင့်။

ဒါပေမယ့်ဆုံးဖြတ်ချက်ချလိုက်ပြီ။ဒီနေ့တော့မေးကိုမေးတော့မယ် hyungသူ့ကိုစိမ်းကားနေတော့သူမနေတတ်။ကင်ထယ်ယောင်းဆိုသည်မှာမင်ယွန်းဂီမျက်နှာကိုတစ်ကမ္ဘာမှတ်ပြီးအသက်ရှင်နေတဲ့သူမလား။အသက်နဲ့လူလုပ်တာမဟုတ်ဘူး အချစ်နဲ့လူလုပ်လာတာ။

စိတ်ထဲတေးပြီးရေကိုသာဝုန်းခနဲဝုန်းခနဲလောင်းချကာချိုးနေမိသည်။ရေချိုးပြီးတော့အဝတ်အစားဝတ်ပြီးအိမ်ရှေ့ထွက်လာတော့တွေ့ပါပြီ....Tvရှေ့ကsofaမှာလှဲပြီးအေးဆေးနှပ်နေလေရဲ့။လှဲအိပ်နေတာမို့လို့သူထိုင်စရာနေရာမရှိတာကြောင့်sofaလက်ရန်းမှာသာဝင်ထိုင်လိုက်သည်။

သူ့ကိုတစ်ချက်သာကြည့်ပြီးပြန်လှည့်သွားသည်။ကင်ထယ်ယောင်တင်းပြီလေ....

"Hyung"

"ဟင် ဘာလဲ"

Tvအကြည့်မပျက်ဘဲထူးသည်။တစ်ကယ်ပါပဲအဲ့Tvကသူ့ထက်ပိုချောနေလို့အကြည့်မလွှဲနိုင်ဖြစ်နေရတာလား။ဆွဲမပြီးပြတင်းပေါက်ကနေသာလွှင့်ပစ်လိုက်ချင်သည်။မနိုင်လို့သာ......

"Hyung ကျွန်တော့်ကိုပလစ်နေတာလား"

"မပလစ်ပါဘူး"

"ပလစ်လို့လဲမရဘူး ကင်ထယ်ယောင်းအကြောင်းသိတယ်မလား"

သူ့ကိုဘာမှဆက်မပြောတော့သူကပဲဆက်ပြောရမည်ပေါ့။

"ဟိုကိစ္စပြီးတုန်းကလည်းhyungကျွန်တော့်ကိုအခန်းအပြင်အတင်းဆွဲထုတ်တာလေ တံခါးခေါက်ပြီးရှက်လို့လားလို့မေးတာကျတော့လည်းမဖြေဘူး"

"ငါခေါင်းငြိမ့်ပြတယ်လေ မင်းမှမမြင်တာ"

"ဟာ......"

တစ်ကယ်လူ့ကန့်လန့်ပဲ။သူခေါင်းငြိမ့်ပြတာကိုအခန်းအပြင်ကလူကဘယ်လိုမြင်မှာလဲ။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now