အပိုင်း(၁၁)

6.3K 690 109
                                    

Unicode

အိမ်ပြန်ရောက်လာတဲ့အခါမှာတော့အခန်းတံခါးကိုဝုန်းခနဲဆောင့်ပိတ်ပစ်လိုက်သည်။သမီးပါးကဘာဖြစ်လာတာလဲလို့မေးနေတဲ့မိဘတွေကိုလည်းလျစ်လျူရှုထားခဲ့သည်။လက်ကိုင်အိတ်ကိုကုတင်ပေါ်ပစ်တင်လိုက်သည်။မှန်တင်ခုံရှေ့ထိုင်ပြီးမျက်မှာပေါ်ဝဲကျနေတဲ့ဆံပင်တွေကိုစုသိမ်းကာနားရွက်အနောက်ဖက်ကိုညှပ်လိုက်တော့မျက်နှာရှင်းရှင်းကမှန်ထဲမှာထင်းခနဲ။

ညာဘက်ပါးတစ်ဖက်သည်သိသိသာသာကိုနီရဲနေသည်။တောက်.....လူပါးဝလိုက်တာ။နှုတ်ခမ်းကိုသာကိုက်ရင်းဒေါသတွေထွက်နေခဲ့သည်။ဘယ်သူမှတောင်မဦးယူရသေးတဲ့ဒီမိန်းကလေးရဲ့ပါးကိုပတ်ဂျီမင်းကဦးဦးဖျားဖျားရိုက်တယ်တဲ့လေ။တွေးလေပေါက်ကွဲလေဖြစ်တာကြောင့်မှန်တင်ခုံပေါ်ကပစ္စည်းတွေအကုန်ပေါက်ခွဲပြီးအော်ဟစ်ငိုယိုနေမိသည်။

ဂျွန်ဂျောင်ကုကရိုက်လိုက်တယ်တဲ့။coffeeနဲ့ပက်လိုက်မိလို့ဒီလိုပြန်ရိုက်တာတဲ့။ဒီလိုခံရမယ်မှန်းသိရင်အစကတည်းကအဲ့မျက်နှာလှလှလေးကိုနီရဲသွားအောင်ရိုက်ပစ်ခဲ့ပါတယ်။ယောကျာ်းတစ်ယောက်အတွက်နဲ့အရိုက်ခံလိုက်ရသည်ဆိုတာကသူမဘဝရဲ့ပထမဆုံးအမဲစက်။မှန့်ရှေ့မှာထိုင်ငိုနေရင်းသူမအကြည့်တွေကကုတင်ခေါင်းရင်းမှာပန်းအိုးလေးနဲ့ထိုးထားသည့်Peruvian Lilyတွေ........

လွန်ခဲ့တဲ့သုံးနှစ်ကထိုယောကျာ်းဟာထိုပန်းစည်းတစ်စည်းတည်းနဲ့သူမဘဝထဲကိုသက်ဆိုင်သူအဖြစ်နဲ့ဝင်ရောက်လာခဲ့တယ်။လမ်းခွဲစကားပြောတော့လည်းအဲ့ပန်းတွေအများကြီးရှိတဲ့ဆိုင်မှာမှ။

"သွားနင်တို့လည်းကျက်သရေမရှိဘူး"

ပန်းအိုးကိုဆွဲယူကာလွှင့်ပစ်လိုက်တော့သူမအခန်းထဲဖန်ကွဲစတွေရော၊မိတ်ကပ်ပစ္စည်းအကျိုးအပဲ့တွေရော၊ရေတွေရောစိုရွှဲသွားသည်။မိန်းမတစ်ယောက်ကယောကျာ်းတစ်ယောက်ကိုပထအဆုံးချစ်ခဲ့သလိုအဲ့ယောကျာ်းကိုပဲလက်ထပ်ဖို့အထိရည်ရွယ်ခဲ့သည်။လမ်းခွဲစကားပြောတုန်းကလည်းတတ်နိုင်သမျှထိုယောကျာ်းခြေထောက်တွေကိုဆွဲကာတောင်းပန်မယ်လို့စဥ်းစားထားပြီးမှ လမ်းခွဲရတဲ့အကြောင်းပြချက်ကပတ်ဂျီမင်းတဲ့လေ။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now