အပိုင်း(၂၅)

6.3K 637 110
                                    

Unicode

ကနေဒါမှာ ပထမဆုံးနှင်းစကျတဲ့နေ့။ ဂျီမင်းတစ်ယောက်နှင်းတွေကိုလက်နဲ့ခံပြီး ပန်းခြံထဲလမ်းလျှောက်နေမိသည်။ ညီမလေးနဲ့တူတူလာကြည့်ချင်ပေမယ့် အအေးကြောက်တဲ့ညီမလေးက အိမ်ထဲမှာပဲခွေကာကျန်နေခဲ့သည်။ ခုံတန်းလျားလေးပေါ်ကျနေတဲ့နှင်းတွေကို ခါလိုက်ပြီး ဂျီမင်းထိုင်လိုက်သည်။

"အခုချိန်ဂျောင်ကုရော နှင်းကျတာကိုကြည့်နေမလား"

"ဂျောင်ကုကနှင်းတွေကိုမကြည့်ပါဘူး နှင်းတွေကိုကြည့်နေတဲ့ ဂျွန်ဂျီမင်းကိုပဲကြည့်နေတာပါဗျာ"

ထွက်ပေါ်လာတဲ့အသံကြောင့် ဂျီမင်းအနောက်ကိုလှည့်ကြည့်မိလိုက်တော့ သူ့ကိုပြုံးပြုံးကြီးရပ်ကြည့်နေတဲ့ဂျောင်ကု။

"မင်းငါ့နောက်ဘယ်တုန်းကတည်းကလိုက်နေတာလဲ"

"အိမ်ထဲကထွက်လာတာ မြင်လိုက်ကတည်းကပဲ"

ပြောရင်းနဲ့သူ့ဆီကိုလည်းတစ်လှမ်းချင်းစီလျှောက်လာသည်။ သူ့နားရောက်တော့ခြေစုံရပ်လိုက်ပြီး

"မိုးချုပ်နေပြီ မပြန်သေးဘူးလား"

"အစကတော့ပြန်မလို့ပဲ မင်းရှိနေသေးတယ်ဆိုတော့ ငါခဏထပ်နေလိုက်ဦးမယ်"

"ကိုကို"

"ဘာလဲ"

ကောင်းကင်ကြီးကိုကြည့်နေရာမှပြန်ထူးသည်။

"မောင်ပြန်တော့မယ်"

"ဟင်"

ဂျီမင်းအလန့်တကြားကြည့်လိုက်မိတော့ ဂျောင်ကုကတည်တည်ငြိမ်ငြိမ်ပင်။ ဂျီမင်းမတ်တပ်ရပ်ကာဂျောင်ကုဆီလျှောက်သွားမိသည်။

"ငါ့ကိုထပ်မစောင့်တော့ဘူးပေါ့"

"ကိုကိုမလိုက်ချင်တာကို မောင်အတင်းမခေါ်တော့ပါဘူး"

ဂျီမင်းမျက်နှာလေးမဲ့ခနဲ။ အရှေ့ကမျက်ရည်တွေဝဲပြီး မျက်နှာပျက်နေတဲ့လူကိုကြည့်ပြီး ဂျောင်ကုအောက်နှုတ်ခမ်းကိုအသာကိုက်ကာ ကြိတ်ပြီးအသည်းယားမိသည်။ ဒီလူကသူပြောသမျှကိုယုံနေတာပဲလား။

"ဒါပေမယ့်ကိုကိုလိုက်ချင်တယ်ဆိုရင်တော့ မောင်ခေါ်သွားမယ်လေ ဘယ်လိုလဲလိုက်မလား"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now