အပိုင်း(၁၇)

6.2K 667 92
                                    

Unicode

"ဂျီမင်း.. မင်းသေချာရဲ့လား"

"သေချာတာပေါ့ ငါ့ညီမလေးရဲ့မဂ်လာပွဲကို သူ့အစ်ကိုဖြစ်တဲ့ငါကတက်ရမှာပေါ့"

Necktieကိုသေသေချာချာ လှလှလေးတပ်လိုက်ရင်း ထယ်ယောင်းရဲ့အမေးကိုဂျီမင်းပြန်ဖြေမိသည်။ Shirtအဖြူလေးကိုအပေါ်ကအနက်ရောင် coatလေးထပ်ဝတ်ကာ နားဆွဲတွဲလောင်းလေးတစ်ခုကိုလည်း နားတစ်ဖက်မှာတပ်လိုက်သေးသည်။ တော်ပြီလေတစ်ဖက်ပဲ။ပန်းရောင်ဆံပင်တွေကို ပွယောင်းယောင်းဖြစ်အောင် ထိုးဖွပြီးပြုံးလိုက်ပုံက သူပြင်ဆင်လို့ပြီးပြီဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပေးနေသည်။

ပတ်ဂျီမင်းဘယ်လောက်လှသလဲ။
necktieချည်နေတဲ့လက်တွေ၊ တွဲလဲကျနေတဲ့နားဆွဲလေးနဲ့ ယိမ်းနွဲ့သွားတဲ့ပန်းရောင်ဆံနွယ်တွေက ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်လို။ လှုပ်ရှားမှုတိုင်းက အနုပညာတစ်ခုလို တစ်ခမ်းတစ်နား။ သွားတန်းလေးတွေပေါ်အောင်ပြုံးလိုက်တိုင်း ကျောက်မျက်ရတနာတစ်ခုလို တန်ဖိုးထားပြီးပြေးကောက်ထားချင်စရာအတိ။

"မင်းမသွားချင်လည်းရတယ်ယောင်း ငါတော့သွားဖြစ်အောင်သွားမှာ"

မှန်ကြည့်နေရာမှ ထယ်ယောင်းအားလှမ်းအော်ပြောလိုက်သည်။

"ငါမသွားလို့မရဘူးလေ စီးပွားဖက်တွေဆိုတော့ ပွဲမှာငါမရှိရင်မျက်နှာပူစရာ"

"အဲ့တာကြောင့်တူတူသွားမယ်ပြောနေတာကို မင်းကဘာလို့အတင်းငြင်းနေတာလဲ"

မျက်မှောင်ကျုံ့ကာသူ့အားကြည့်လာသည်။ အဲ့မျက်ဝန်းကျဥ်းကျဥ်းတွေက လူသတ်လက်နက်တွေ။

"မင်းညီမကလည်း လာစေချင်မှာမဟုတ်ဘူးမင်းကို"

"ဆေွမျိုးသားချင်းဆိုလို့ ငါပဲရှိတာ သူငါ့ကိုလာစေချင်မှာပါ မလာစေချင်လည်းငါကသွားမှာပဲ ဘာထူးလဲ"

"အေး အဲ့တာဆိုလည်းမင်းသဘောပဲ"

ကုတင်ပေါ်ထိုင်နေရာမှ ထယ်ယောင်းထထွက်လာခဲ့သည်။ ဂျီမင်းဘာတွေဖြစ်ချင်နေတာလဲ သူလည်းမသိ။ သူများအိမ်ပေါ်ထိ ပိုင်စိုးပိုင်နင်းရေလာချိုးလို့လည်း မကျေနပ်ပါ။ မဂ်လာဆောင်ကိုသွားမယ်တဲ့။ အင်း....ဒီနေ့ကဂျောင်ကုနဲ့ယွန်းဂျီအာရဲ့မဂ်လာပွဲကျင်းပမယ့်နေ့။
ထယ်ယောင်းဘယ်လောက်တားတား ဂျီမင်းဆုံးဖြတ်ချက်ကမပြောင်းလဲခဲ့။ မတတ်နိုင်တဲ့အဆုံးသူပဲ လက်လျော့ခဲ့ရသည်။ ပတ်ဂျီမင်းကအကြောတင်းလေး။ ဂျွန်ဂျောင်ကုမဂ်လာဆောင်တဲ့မြင်ကွင်းကို မင်းကဘယ်လိုစိတ်နဲ့ကြည့်မှာလဲ အရူးကောင်ရေ။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now