အပိုင်း(၂၀)

6.2K 629 64
                                    

Unicode

"ယောင်း မင်းတစ်ကယ်ပြောတာလား"

"ဟုတ်တယ် ငါမင်းကိုစောစောအသိမပေးခဲ့မိလို့ တောင်းပန်ပါတယ် ပြီးတော့ဖုံးကွယ်ထားခဲ့မိတာအတွက်ရော"

ထယ်ယောင်းဆီမှ ကြားလိုက်ရတဲ့စကားကြောင့် ဂျီမင်းအပျော်လွန်ကာ မျက်ရည်တွေပင်ဝဲလာသည်။

"အခုအဲ့မှာပဲလား"

"အင်းဟုတ်တယ် မင်းဘာလုပ်မလို့လဲ"

"ဘာလုပ်ရမှာလဲ လိုက်သွားရမှာပေါ့"

"ဟင် ကနေဒါကိုတစ်ယောက်တည်းသွားမလို့လားဂျီမင်း"

တစ်ချိန်လုံးငြိမ်နေတဲ့ ယွန်းဂီhyungကပါ စကားဝိုင်းထဲ ပါလာလေသည်။

"သွားရမှာပေါ့ ဒါကျွန်တော့်ကိုကံတရားက ဒုတိယအကြိမ်အဖြစ် အခွင့်အရေးပေးတာလေ ကျွန်တော်လက်လွတ်ခံလို့ဖြစ်မလား အခုချက်ခြင်းသွားမှာ"

"ဒါဆိုလည်းမင်းသဘောလေ ငါမနက်ထွက်မယ့် လေယာဥ်လက်မှတ်ဖြတ်ပေးထားမယ် ပြီးရင်ယွန်းဂီhyungရဲ့အသိကို ငါကြိုပြောထားပေးမယ် မင်းကိုနေရာစီစဥ်ပေးဖို့"

"ကျေးဇူးယောင်း ဆေးရုံလိပ်စာကို e-mail နဲ့ပို့လိုက် ငါအိမ်ပြန်ပြီးအဝတ်တွေသွားသိမ်းလိုက်ဦးမယ်"

"ဖြည်းဖြည်းသွားဦး မိုးချုပ်နေပြီ"

"တာ့တာ...တာ့တာ"

ပြေးထွက်သွားတဲ့ဂျီမင်းကိုကြည့်ပြီး ထယ်ယောင်းနဲ့ယွန်းဂီ ပြုံးလိုက်မိသည်။ ဒီတစ်ခါတော့ စိတ်ထားလှတဲ့ သူ့သူငယ်ချင်းကို ကံတရားကြီးက မျက်နှာသာပေးလိုက်ပြီထင်ပါရဲ့။

"Hyungရဲ့ အကူအညီသာမပါရင် ကျွန်တော်လုပ်ပေးနိုင်မှာမဟုတ်ဘူး ကျေးဇူးပါhyung"

ယွန်းဂီပခုံးပေါ်ခေါင်းတင်ကာ ထယ်ယောင်းပြောမိသည်။

"Hyungတို့ကြားဒါတွေမှမလိုတာ"

"ဟုတ် ကျေးဇူးတင်တယ်နော်...ကျေးဇူးဆပ်တဲ့အနေနဲ့နမ်းမယ်ဒီဘက်လှည့်"

"ဆိုင်ထဲမှာနော် ကင်ထယ်ယောင်း!!! သိပ်မကဲနဲ့.."

"အဲ့တာဆိုမနမ်းရဘူးလား ထယ်က"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now