အပိုင်း(၂၂)

6.8K 851 138
                                    

Unicode

ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေကို တစ်ခုချင်းစီ ဂျီမင်းသေချာစစ်ဆေးနေမိသည်။ Smartကျတယ်၊ တိကျတယ်ဆိုတဲ့ဝေါဟာရနဲ့ ပတ်ဂျီမင်းဆိုတဲ့လူသားကို တွဲမြင်ရလောက်တဲ့အထိ ပတ်ဂျီမင်းကသိပ်ကိုသေသပ်ခဲ့တာ။

"Hyung...ဂျီမင်း"

လှည့်ကြည့်လိုက်​တော့ တံခါးကနေခေါင်းပြူနေတဲ့ သူ့လက်ထောက်လေးဂျောင်ဝူယောင်း။

"​​ေဩာ် ဝူယောင်းနီးပဲ လာလေ"

"ဟုတ်"

"ဘာပြောစရာရှိလို့လဲ"

"ဒီနေ့Jeonphoriaက ကိုယ်စားလှယ်လာမှာနော်hyung"

"​မင်းပဲသွားလိုက်​တော့ ကိုယ်မအားဘူး"

"ဗျာ ကျွန်တော့်ကိုhyungစိတ်ချလို့လား"

"နိုင်ငံခြားသားမဟုတ်လို့မင်းကိုလွှတ်တာပါ မဟုတ်ရင် ကိုယ်တိုင်သွားမှာပေါ့"

"ဟုတ်နားလည်ပါပြီ"

"မင်းကိုအားကိုးတယ်နော် သေချာလုပ် အလွဲလွဲအချော်ချော်ဖြစ်တာမျိုး ကိုယ်မကြားချင်ဘူး"

"ဟုတ်ကဲ့hyung..ဒါနဲ့ ဒီနေ့လည်းhyungအများကြီးကြည့်ကောင်းနေတယ် ဟီး.."

ဂျီမင်းပြုံးရုံသာပြုံးပြလိုက်သည်။ ဒီကလေးသူ့ကိုသဘောကျနေမှန်းသူသိတာပေါ့။ ဒါပေမယ့်သူ့အရှိန်အဝါတွေအောက် အသက်ရှူရပ်မတန့် တုန်လှုပ်ခဲ့ရတဲ့ ဂျောင်ဝူယောင်းက သူ့ကိုအစ်ကိုတစ်ယောက်လိုပဲ တစ်ရင်းတစ်နှီးဆက်ဆံခဲ့သည်။ ကလေးတစ်ယောက်က Super Heroတစ်ယောက်ကို သဘောကျသလိုလေးသာ သူ့အနားငြိမ်ငြိမ်လေးနေပေးခဲ့သည်။ သူ့ကိုစိတ်အနှောင့်အယှက်မပေးမချင်း ဒီကောင်လေးကိုလည်း သူကောင်းကောင်းပြန်ဆက်ဆံပေးမှာပါ။

ဝူယောင်းကနေဒါ ရုံးခွဲကိုစရောက်တဲ့နေ့က အတော်ကိုအဆင်မပြေဖြစ်ခဲ့ရသည်။ အသက်အရွယ်ငယ်သေးတာကတစ်ကြောင်း၊ ကိုယ်မသိတဲ့နေရာမှာ ကိုယ်မကျွမ်းကျင်တဲ့ဘာသာစကားနဲ့ပြောဆို ဆက်ဆံရမှာတွေက တစ်ကြောင်းနဲ့ သူ့ကိုယ်သူလုပ်နိုင်ပါ့မလားလို့တောင် စဥ်းစားယူခဲ့ရတဲ့အထိ။ ကံကောင်းထောက်မစွာနဲ့ မန်နေဂျာက ကိုရီးယားလူမျိုးဖြစ်နေခဲ့သည်တဲ့။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now