Part -1-

8.2K 258 1
                                    


" သမီးရယ် လမ်းပေါ်မထွက်နဲ့နော်။
ခြံထဲမှာဘဲ ကစား၊ မေမေ ရေချိုးလိုက်
အုံးမယ် "

" ဟုတ်.....အို့...ယို့ ..ယို့ လိပ်ပြာလေး
လှလိုက်တယ်လိပ်ပြာလေး
မီးမီးဆီ လာခဲ့ပေးပါ လိပ်ပြာလေးရယ် "

ကလေးငယ်ဟာ ပျံဝဲလာတဲ့လိပ်ပြာငယ်ကိုလိုက်ဖမ်းရင်း ခြံပြင်ရောက်လာခဲ့သည်။
လိပ်ပြာနောက်လိုက်ရင်း ပျော်ရွှင်နေခဲ့တဲ့ကလေးငယ်ဟာ လမ်းမကြီးပေါ်ရောက်လာတာ
သတိမထားမိခဲ့ ။

" လိပ်ပြာလေးရယ် မပြေးပါနဲ့ကွယ်
အို့...ယို့..ယို. ဒီလာခဲ့ပေးပါ "

တခစ်ခစ်ရယ်လျှက် လိပ်ပြာလေးကိုလိုက်ဖမ်းနေတဲ့ အပြစ်ကင်းတဲ့ကလေးငယ်။
သူရဲ့လွှတ်လပ်ပျော်ရွှင်မူဟာ
တစ်ပါးသူအတွက်မေ့မရနိုင်တဲ့အတိတ်တစ်ခုဖြစ်သွားခဲ့မယ်ဆိုတာ၊သူ မသိနိုင်ခဲ့သလို
အဲဒီစိတ်နဲ့ဘဲ သူဘဝတစ်လျှောက်လုံးရှင်သန်နေရလိမ့်မယ်ဆိုတာလဲ သူမသိနိုင်ခဲ့...
ညတိုင်းအိမ်မက်ဆိုးတွေနဲ့ ဖြတ်သန်းရမဲ့
ဆိုတာလဲ သူမသိနိုင်ခဲ့.....
သူ မသိနိုင်ခဲ့၊သူ မသိနိုင်ခဲ့ဘူး။

.
.
.

"သမီး ကျောင်းတက်ရတာ
အဆင်ပြေရဲ့လား။ စာရောလိုက်နိုင်ရဲ့လား "

" အဖေ သမီးဘဲလေ စာမလိုက်နိုင်တာ
ဘယ်လိုလုပ်ဖြစ်နိုင်ပါမလဲ
ဟဲ.......ဟဲ "

အဖေဟာ ကားမောင်းနေရင်း သူကိုမေးလာတဲ့စကားတွေ။
ဘေးတစ်စောင်းမြင်နေရတာတောင်
အဖေဟာအရမ်းကို handsome ဖြစ်တဲ့လူ
တစ်ယောက်ဖြစ်တယ်။

ကိုယ့်အဖေဖြစ်လို့ ကြွားတာမဟုတ်။
အခုချိန်ထိအဖေဟာ ဝိုင်းဝိုင်းလည်တုန်း၊
ကောင်မလေးတွေ၊ အန်တီတွေကြားထဲရေပန်းစားနေတုန်း ဖြစ်သလို၊ အမေဟာလည်းငါ ယောက်ျားက handsome ကြီးဆိုပြီး
အဖေကို စနောက်တတ်လေသည်။
အဖေဟာလဲ ခင်ပွန်းကောင်းပီသသလို၊
ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တယ်။
အဖေရဲ့မေတ္တာတွေနဲ့ ဒီမိသားစုလေး နွေးထွေးတဲ့အသိုက်အမြုံလေးတစ်ခု ပျော်ရွှင်စွာတည်ဆောက်ထားကြတယ်။

" သမီး အထက်တန်းပြီးရင်
ဘာမေဂျာယူမလဲ။
သမီးဖြစ်ချင်တာ အကုန်လုပ်နိုင်တယ် "

လှပ်၍လွှင့်သောWhere stories live. Discover now