Part -18-🔺

1.9K 78 2
                                    

ယောင်းငယ်ကိုချစ်မိလို့ သံယောဇာဉ်ဖြစ်တည်မိလာတဲ့အခါချစ်ခြင်းမေတ္တာထက်၊သံယောဇဉ်ဆိုတာ ပိုကြောက်ဖို့ကောင်းမှန်း ကျမသိလာရတယ်။
သံယောဇဉ်ဆိုတာ ငြိတွယ်မိသွားရင်ရုန်းထွက်ဖို့မလွယ်မှန်းကျမနားလည်လာတယ်။
ချစ်ခြင်းမေတ္တာဟာ အလွှာပါးလေးသာဖြစ်ပြီး အဲဒီအလွှာပါးလေးရဲ့တစ်ဖက်မှာမနှစ်မြို့စရာတစ်စုံစရာကြောင့် အမုန်းဆိုတဲ့နံရံထူကြီးတစ်ခုလည်း ပေါ်ပေါက်လာနိုင်တယ်။

ဒါကြောင့်အချစ်ဟာ ပဝါခြားတဲ့အလွှာပါးလေးသာဖြစ်ပြီး သံယောဇာဉ်ကသာ ပိုထုထည်ကြီးမှားတယ်လို့ ကျမထင်တယ်။
ဘယ်သူမှမရှိတဲ့ကျမဘဝထဲကို ဒီသံယောဇာဉ်လေးတစ်မျှင်ကနှောင်ကြိုးသဖွယ် လာရစ်တွယ်နေတော့ ကျမကလည်းကျေနပ်စွာနဲ့ရစ်ပစ်ခံနေမိပြီ။

" ယောင်းငယ်...." !

အိပ်ယာပေါ် ကွေးကွေးလေးအိပ်ပျော်နေတဲ့
ယောင်းငယ်ကို ကျမထိုင်ကြည့်နေမိတာ
၁၅မီနစ်ထက်မနည်တော့ပါဘူး ။
ပန်းနုရောင်ပြေးနေတဲ့ အသားအရည်
ညိုငင်မူပြင်းလွန်းတဲ့မျက်ဝန်း၊ဖြောင့်စင်း
နေတဲ့နှာတံလေးအောက်မှာ ကျမအတွက်
ဆွဲငင်မူရှိလွန်းတဲ့နှုတ်ခမ်းပါးရှိနေလေသည်။ခရမ်းရောင်ပြေးနေတဲ့ဆံနွယ်လေးတွေ၊ လမ်းလျှောက်ရင်ခုန်ဆွခုန်ဆွလျှောက်တတ်တဲ့ အကျင့်လေးရယ် ။
ဒါတွေအားလုံးဟာ ကျမမြတ်နိုးတဲ့အရာတွေပါဘဲ။
မြတ်နိုးလွန်းအားကြီးလို့ မြတ်မြတ်နိုးနိုးနဲ့ကို
နှုတ်ခမ်းလေးကိုနမ်းရှိုက်မိတယ်။

ဟင့်!

ပြန်တုံ့ပြန့်လာတဲ့ ယောင်းငယ်လေးရဲ့
အနမ်းတွေကြောင့် နောက်ဆုတ်လိုက်
ပေမယ့်၊လက်တစ်ဖက်ကိုဆောင့်ဆွဲခံလိုက်
ရသည်။ ခုတော့ကျမဟာ ယောင်းငယ်လေးရဲ့ရင်ခွင်ကမ္ဘာကြီးထဲမှာ။

" ယောင်းကို အိပ်ပျော်နေတုန်းအခွင့်
ကောင်းယူတဲ့ မမကိုအပြစ်ပေးရမယ်"

"ယောင်းငယ်လေးကနိုးနေတာလား
တမင် အိပ်ချင်ယောင်နေတာ ကြည့်စမ်း "

" မမ ကခိုးနမ်းတာကို
ယောင်း မနိုးဘဲနေမလား "

ခိုးနမ်းပါတဲ့ဆိုမှ လူမိသွားတဲ့ မမရဲ့
မျက်နှာဟာ ရှက်ရိပ်တွေပြေးနေလေသည်။

လှပ်၍လွှင့်သောWhere stories live. Discover now