Part-22-

1K 75 18
                                    

လူးလွန့်လာတဲ့ ခန္ဓာကိုယ်တစ်ခုကြောင့်
သူတစ်လှမ်းချင်းလျှောက်လာခဲ့တယ်။
ခြေတစ်လှမ်းချင်းတိုင်းဟာ၊ခြောက်ခြားစရာကောင်းလွန်းနေသလို၊ တစက်စက်နဲ့ စီးဆင်းသွနေတဲ့၊သွေးတွေဟာလဲ ကြမ်းပြင်ပေါ်ပေကျံကုန်တယ်။ တဖြည်းဖြည်း ကုတင်ဘေးရောက်လာခဲ့တဲ့၊ သူခြေလှမ်းတွေဟာလဲရပ်
တန့်သွားတော့သည်။

လုပ်ရက်လိုက်တာ မန်ဒူရယ်!
နင်အရမ်းရက်စက်တယ်ဟာ
အခုတော့..အခုတော့ လီ မမေးရသေးတဲ့မေးခွန်းတွေရဲ့အ​ဖြေက ဒါလား!

ဒီလိုအဖြေမျိုးအတွက် လီမှာခံနိုင်ရည်မရှိဘူးဆိုတာ မန်ဒူမသိဘူးလား!
ဒါမှမဟုတ် လီနှလုံးသားကခံနိုင်ရည်တွေကို
မန်ဒူစမ်းသပ်နေတာလား!
ဒါကအမှန်မဟုတ်ဘူးလို့ လီကိုပြောအုံး။
လီ ကိုပြောလှည့်အုံး!

အိပ်ယာပေါ်က မြင်ကွင်းတွေကြောင့် သူရူးသွားရတော့မယ်။
သူရဲ့အရာအားလုံးဟာ ဒီနေရာမှာဘဲကျိုးကြေပျက်ဆီးကုန်ပြီ။

နာကျင်ခြင်းကိုဆုက်ကိုင်ပြီး မန်ဒူ ရဲ့မျက်နှာပေါ်ကနေ ရပ်ကြည့်နေမိတယ်။
သူမျက်ရည်တွေက မန်ဒူရဲ့ပါးပြင်ပေါ်အလုအယက်ခုန်ပေါက်ဆင်းသွားကြလေသည်။

မျက်ရည်ကြောင့် ထင်ပါတယ်။
ဖြည်းဖြည်းချင်းဖွင့်လာတဲ့ မျက်ဝန်းတစ်စုံ အတန်ကြာတဲ့အထိ သူကိုစိုက်ကြည့်နေတဲ့
အဲဒီမျက်ဝန်းပိုင်ရှင်က တိုးတိုးလေးခေါ်လာတယ်။

" လီလီ... "

အသက်ဝိညာဏ်တစ်ခုကို နှုတ်ယူသွား
သလိုပါဘဲ။ မှတ်မိလို့တော်ပါသေးရဲ့။

ဟုတ်ပါတယ် ကျမကလီလီပါ !

"............."

" လီ ဘယ်တွေသွားနေခဲ့တာလဲ ။
လီ ကိုတွေ့ချင်နေတာ ဒီကလူမှာရူးမတတ်ဆိုတာမသိလို့လား။
တစ်ရက်လေးမတွေ့ရတာနဲ့ ပိန်သွားလိုက်တာ ဘယ်တွေသွားပီး ဘာတွေလုပ်နေခဲ့လို့ Jen ဆီအခုမှလာရတာလဲ "

"............"

မျက်ချောင်တွေကျသွားလိုက်တာ အေးစက်စက်နဲ့ညိုမှိုင်းနေတဲ့ လီမျက်ဝန်းတွေကို ငေးကြည့်ရင်းကုတင်ပေါ်ထထိုင်လိုက်တော့ စောင်ဟာ​လျောခနဲဆင်းသွားတယ်။
လှပ်ခနဲအေးသောတဲ့ အတွေ့ကြောင်ငုံကြည့်မိတော့ အပေါ်ပိုင်းခန္ဓာကိုယ်ဟာဗလာမဲ့။

လှပ်၍လွှင့်သောWhere stories live. Discover now