Part-24-

1.1K 77 10
                                    

ဝုန်းခနဲပြိုလဲသွားတဲ့ခန္ဓာကိုယ်လေးတစ်ခုက
ဆို့နစ်တက်လာတဲ့ နာကျင်ခြင်းတွေကို
သည်းခံနိုင်စွမ်းမဲ့စွာ အီးခနဲငိုချလိုက်တော့တယ်။ ခန္ဓာကိုယ့်ကို သယ်နိုင်ရန်မစွမ်းတော့
ကြမ်းပြင်ပေါ်ဘဲမှောက်လျှက်ငိုက်ရှိုက်နေတယ်။

မသိစိတ်တွေက အသိစိတ်တွေကိုအနိုင်ယူသွားသည်။ ကိုယ့်ဘေးနားမန်ဒူရဲ့ပခုံးပေါ်ခေါင်းလေးမှီချတော့၊လေဟာနယ်ထဲ ကိုယ်ကျွံကာ ကြမ်းပြင်ပေါ်မှောက်လျှက်သား။
နာတယ် ဟော့ဒီရင်ဘတ်ကြီးက အရမ်းနာတယ်!

အတူချစ်ခဲ့ကြပြီးမှ လမ်းတဝက်ရောက်မှတစ်ပါးသူကကြိုနေသလိုမျိုး။
တစ်ပါးသူကလဲကိုယ့်အစ်မတဲ့လား။
နာကျင်ခြင်းတွေကို ဖျစ်ညစ်ဆုပ်ကိုင်
ထွက်လာခဲ့ရတာဟာလဲ မနေ့တစ်နေ့ကလိုဘဲ။
ဒီညတော့ကြယ်ကြွတွေလဲ မကောက်နိုင်တော့ဘူး။
သူတို့ရဲ့ပွေ့ဖက်နှိမ့်သိမ့်စကားလဲမကြားနိုင်တော့ဘူး။ အလုံးစုံသောအာရုံကိုဖမ်းစား
ခံလိုက်ရတာကတော့ နာမည်လေးတစ်လုံးသာ။

" မန်ဒူ ....."

* *တစ်ခုခုပျောက်သွားလို့လား ကူရှာပေးမယ်လေ။ တွေ့တွေ့ချင်းစနောက်ခဲ့တဲ့ Tomboy ပုံလေးနဲ့အရမ်းချစ်စရာကောင်းကြောင်းတွေ * *

* * အခန်းထဲ အနမ်းလိုမမည်တဲ့ အနမ်းတစ်ပွင့် စွန့်ကြဲခံရတုန်းက ဘယ်လောက်ထိရင်ခုန်သံတွေဟာ ကမောက်ကမ နိုင်ခဲ့ရတဲ့အကြောင်င်းတွေ * *

* * မန်ဒူကို ချစ်နေရရုံမဟုတ်ဘဲ
ပိုင်ဆိုင်ချင်ခဲ့ရတဲ့အကြောင်းတွေ * *

* *Amusement ပန်းခြံထဲမှာ လက်ချင်းယှက်ရင်းမီးရှုးမီးပန်းလေးတွေ ထပ်ကြည့်ချင်သေးတဲ့အကြောင်းတွေ * *

* * ယွန်းဒိုလမ်းမကြီးပေါ်က ချယ်ရီပန်းလေးတွေနဲ့အပြိုင် ရန်ဖြစ်တတ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းတွေ * *

* *တွေးမိရင်ပြေးပွေ့ချင်လောက်အောင်
မြတ်နိုးခဲ့ရတဲ့အကြောင်းတွေ * *

* * ငိုဖို့ဘဲဖြစ်ဖြစ် ရယ်ဖို့ဘဲဖြစ်ဖြစ် ပျောက်ဆုံး
သွားတဲ့ ရင်ခွင်နန်းတော်ကြီးတစ်ခုရဲ့အကြောင်းတွေ * *

* * တဖွဖွပြောပြချင်ခဲ့တာ။တဖွဖွပြောပြချင်နေခဲ့တာတွေဟာ နာကျင်ခြင်းတွေနဲ့ သတိရနေခဲ့တဲ့အကြောင်းတွေ * *

လှပ်၍လွှင့်သောTempat cerita menjadi hidup. Temukan sekarang