Extra

2.3K 120 27
                                    

Ending တင်ပြီးကတည်း Extra တစ်ပိုင်းကို
ရေးနေခဲ့တာ။ ငိုသံတွေစဲပါစေတော့ဆိုပြီး
အဆုံးမသတ်ဘဲ စောင့်နေခဲ့တာ။ဒီနေ့တော့
အဆုံးသတ်ပြီးတင်ပေးလိုက်ပါပြီ။
ကြာသွားတဲ့အတွက် ဆော့ရီးပါနော် 😘😘

~~~~

" ဟီး...ဟီး...ရွှတ်...ဖျစ် "

နှပ်ညှစ်ပြီးဝှစ်ခနဲပစ်လိုက်တာ ခပ်လှမ်းလှမ်း
ကာ အမှိုက်ခြင်းထဲ။ သို့ငြားလဲဘတ်စကတ်
ဘောကစားရင် ဘယ်အသင်းမှမလိုချင်တဲ့သူ
ဟာ ခုလဲအမှိုက်ခြင်းတခြား၊တီချူးတစ်ခြား။

" Park  Ruby  နင်ပြောတာအရမ်းမှန်တာဘဲ
ဟီး...ဟီး… ရွှတ် "

" ငါပြောသားဘဲ ငါအဘွားကပုံပြောကောင်း
ပါတယ်လို့။ဟီး...ဟီး.. နင်နောက်တစ်ခါ ငါ
အဖွားပြောတဲ့ပုံပြင်နား​ထောင်ချင်ရင် နင်
အိမ်ကတီချူး သယ်လာခဲ့ ဟီး...ဟီး...ရွှတ် "

သူရှေ့ကကလေးနှစ်ယောက်ကြည့်ရင်း
ပါးပြင်ပေါ်ကမျက်ရည်တွေကို ကလေး
တွေမမြင်ရအောင် မြန်မြန်သုတ်ရတယ်။
ပုံပြင်မဟုတ်တဲ့ ပုံပြင်ကိုပြောပြရတိုင်း
သူလည်းဘဲ ကြေကွဲရပါသည်။ ဘယ်တော့မှာမေ့ဖျောက်မရတဲ့ လူသားနှစ်ဦးကို သူ
လည်းဘဲသတိရပါသည်။

" ဘွားဘွား ဒါဆိုသူတို့နှစ်ယောက်က
ဟန်မြစ်ထဲ သေသွားတာပေါ့နော်...ဟီး
ဟီး....လီလီနဲ့မန်ဒူဘယ်လောက်များ
အေးနေလိုက်မလဲ ဟီး.....ဟီး... "

" သိပ်ချစ်ကြတဲ့လူနှစ်ယောက်က အတူ
ရှိနေကြရင် ခန္ဓာကိုယ့်ရဲ့အေးစက်မူထက်
နှလုံးသားရဲ့နွေးထွေးမူကပိုတယ်ကွယ် "

Yoona ကိုခွန်းတုံ့ပြန်နေတဲ့ ဘွားဘွား
ယောင်း မျက်ဝန်းမှာမျက်ရည်စတွေနဲ့။
သူလည်းဘဲဒီပုံပြင်ကိုဘယ်နှစ်ကြိမ်မှန်း
မသိ နားထောင်နေရတောင်မှာသူဟာလဲ
ငိုနေမြဲ။

" သမီး Ruby ဘွားကိုပုံပြောခိုင်းပြန်ပြီလား။
အမေတို့ကလဲ Ruby ကိုတော်တော်အလိုလိုက်
အခုတောင် ဒီအရွယ်လေးနဲ့ဂျစ်ကန်ကန်ရယ် "

" နင်ငါမြေးမဆူနဲ့။နင်ပြောချင်ငါဘဲပြော
လာ Rubyလေးလာ ဘွားဆီကိုလာ "

" အမေတို့က အမြဲအဲလိုကာဆီးကာဆီးနဲ့။
အဲကြောင့်မို့ အဲကလေးမ အဲလောက်ဆိုးနေ
တာ။ အမေလည်း အဲဒါပြောပြီးရင်စိတ်မ
ကောင်းဖြစ်ရတာဘဲမလား။ နှစ်တွေလည်း
ကြာခဲ့တာ သမီးတစ်သက်ရှိပြီ။ ပြီးရင်အမေ
မြေးက ညညဆိုယောင်ပြီးငိုအုံးမယ် "

You've reached the end of published parts.

⏰ Last updated: Aug 16, 2023 ⏰

Add this story to your Library to get notified about new parts!

လှပ်၍လွှင့်သောWhere stories live. Discover now