Part-2-

2.3K 169 0
                                    

မိုးရေထဲဖြတ်ပြေးလာတာမို့ သူမရဲ့ခန္ဓာကိုယ့်တစ်ခုလုံးစိုရွဲနေလေသည်။
ရှေ့နားက Bus ဂိတ်ရောက်ရင် မိုးခိုရမှာဘဲ။ အချိန်အခါမဟုတ် ရွာတဲ့ မိုးကစိတ်ပျက်စရာ။
သူမ ခပ်သွက်သွက်လျှောက်လိုက်သည်။

အ!!
အမှတ်မထင်
ကောင်လေးတစ်ယောက်နဲ့ ပခုံးချင်းတိုက်မိသွားလေသည်။

"ဟာ.... Sorry နော် မတော်လို့"

တစ်ဖက်လူရဲ့ ချက်ချင်းဘဲတောင်းပန်သံ
သူမ ကြားလိုက်ရသည်။
ပခုံးချင်းတိုက်မိတာမို့ ယိုင်သွားတဲ့Jenဟာ
မထင်မှတ်ဘဲ တစ်ဖက်လူရဲ့ရင်ဘတ်ကိုဆုပ်ကိုင်မိသွားသည်။

"ဟာ ...! Sorryနော် "

သွားပြီမျက်နှာတစ်ပြင်လုံး ရေနွေးနဲ့
အပက်ခံလိုက်ရသလိုရှိန်းခနဲဖြစ်သွား
ရသည်။
ချက်ချင်းတောင်းပန်ရပြန်တယ်။
Jen ကယောက်ျားလေးထင်ခဲ့ပေမယ့်
တစ်ဖက်မိန်းကလေးဖြစ်နေခဲ့တဲ့အခါ
အားနာနာနဲ့ ဇွတ်ဘဲတောင်းပန်နေမိတဲ့
မိမိအဖြစ်ကရယ်ချင်စရာဖြစ်နေလေသည်။

"ရပါတယ် မတော်လို့ဘဲ"

ရပါတယ်လို့ ပြောလိုက်ရဘဲမယ့်
သူ မျက်နှာလေးရှုံမဲ့ပီး
အသည်းခိုက်အောင်နာကျင်သွားတာ
သူသာအသိဆုံးဖြစ်လေသည်။

အို... ရပါတယ်ဆိုတဲ့
.အသံလေးက ကြည်လင်ပြီးဆွဲဆောင်
မူရှိလိုက်တာ မျက်နှာလေးမော့ကြည့်လိုက်တော့ ရှုံမဲ့နေတဲ့ကြားထဲကကို အတော်လေးချစ်စရာကောင်းနေသည်။
Jen ကိုင်လိုက်မိတာ အတော်လေးအားပြင်းသွားမှန်း သူမျက်နှာကြည့်တာနဲ့သိသာနေ
လေသည်။

နူးညံနွေးထွေးတဲ့ ထိတွေ့မူက Jenကို
ရှက်ရွံစေပြန်တယ်။
မြင်သူမရှက် ယိုသူရှက်ဘဲကြားဖူးတာ။
နင်လက်ထက်မှာ ပြောင်းပြန်ကြီးဘဲ
Jennie Kim !

ဆံပင်နှစ်ဖက်ခွဲလေးနဲ့ နာကျင်တာနေတောင်ပြုံးနေတဲ့သူမျက်ဝန်းတွေက ဆွဲဆောင်မူအပြည့်နဲ့ ညှိ့ငင်အားပြင်းလွန်းနေသည်။
သူအပြုံးက သူမရင်ထဲအမည်ဖော်မရနိုင်တဲ့ ခံစားချက်လေးတစ်ချို့ တိုးဝင်စီးဆင်းသွားလေသည်။

" ဟို...မိုးကအရမ်းရွာလာတော့
စိတ်လောနေတာမို့  သူကို
မတွေ့လိုက်မိတာ၊
Jen တကယ်တောင်းပန်ပါတယ် "

လှပ်၍လွှင့်သောWhere stories live. Discover now