Part - 13 -

1K 70 2
                                    

" မမ ပျော်လား "

" အင်း.... "

မမရဲ့အဖြေကကျေနပ်ချင်စရာ တစ်စက်မှ
ကောင်းမနေ။ ဒါပေမယ့် ဖြေတာဘဲ ကျေးဇူးတင်ရမည်။
မမ ခါးကိုလက်နှစ်ဖက်နဲ့ဖက်လျှက်၊ခေါင်းက
ပုခုံးပေါ်မှီထားရင်း သူလျှောက်နေသည် ။

" ကောင်းကောင်းလျှောက်ပါလား
ဒီလိုလျှောက်နေရတာ၊မမ ရောယောင်းငယ်ရောအဆင်မပြေဘူးနော် "

" ဘာလဲ မမ က
ယောင်းကိုငြိုငြင်တာလား "

ငိုသံလေးစွက်ကာပြောလာတဲ့ ယောင်းငယ်လေး စကားတွေက သူကိုဘဲဝမ်းနည်းစေပြန်တယ်။
ယောင်းငယ်လေးကို ချစ်တယ်လို့ ဝန်ခံတဲ့
ခဏလေးမှာဘဲ ယောင်းငယ်လေးက ပိုဆိုး
လာတယ်။
ဝဲတက်လာတဲ့မျက်ရည်လေးကို လူကြီးပီပီပြန်ထိန်းနေရသည်။
ယောင်းငယ်လေးရဲ့ ခေါင်းဘက်ငဲ့ကာ
ဆံပင်လေးကိုနမ်းရှိုက်လိုက်တယ် ။

" မမ...... "

သူနှုတ်ခမ်းလေးရှေ့တိုးစူပြလျှက် နမ်းခိုင်းနေတဲ့ယောင်းငယ်လေးရဲ့ဆန္ဒာကိုဒီနှလုံးသားဟာ
ငြင်းဆန်နိုင်စွမ်းမဲ့သွားရပြန်တယ်။
ကျမ ယောင်ငယ်လေးကိုချစ်တယ်။
သံယောဇဉ်ဆိုတာမရှိခဲ့တဲ့ ကိုယ့်ဘဝလေးထဲမှာ သူဟာတွယ်တာစရာဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

သတိထားမိချိန်မှာ ကျမရဲ့နှလုံးသားဟာ
သူဆီရောက်နှင့်နေခဲ့လေပြီ။
သူမျက်နှာတစ်ချက်ညိုးသွားရင်တောင်
ပျာပျာသလဲဖြစ်သွားရတာ သူသိမှာမဟုတ် ။
ဒါကြောင့်မို ချစ်ခြင်းတရားတွေဝန်ခံမိခဲ့ရတယ်။
ခုလည်းဘဲ ယောင်းငယ်လေးရဲ့ဆန္ဒာတွေကို
လိုက်လျောကာ၊ နက်ရှိုင်းတဲ့အနမ်းတစ်ခုကိုယောင်းငယ်လေး စိတ်တိုင်းကြိုက်ကျပုံဖော်ပေးမိနေတယ်။
သူကိုယ်တိုင်လည်း ကြည်ဖြူစွာနမ်းရှိုက်မိတယ်။

မမရဲ့ချိုမြိန်လှတဲ့အနမ်းတွေကြား ကျမပြုံးမိသည်။
လူတွေဟာ အချစ်နဲ့ပတ်သတ်လာရင်
ရူးသွားတတ်စမြဲတဲ့၊ မမလည်း
ယောင်းငယ်ဆိုတဲ့အချစ်မီးနဲ့တွေ့ပြီ
မာကျောလှပါတယ်ဆိုတဲ့ မမရဲ့နှလုံးသားဟာ
အခုတော့လျှောရည်ပမာ၊သူရဲ့နှလုံးသားထဲကိုလျှောဆင်းခဲ့ရပြီ။

လှပ်၍လွှင့်သောOù les histoires vivent. Découvrez maintenant