Part-28-

1.3K 90 40
                                    

ကိုယ့်ရှေ့အနည်းငယ် မှောင်ရိပ်ကျသွားသည်မို့
မော့ကြည့်လိုက်သည်။

ဟင့်!

လီလီ...?

" လီ သိလား။ မန်ဒူ အိမ်မက်ထဲမှာ လီကမန်ဒူရှေ့ရပ်နေတာတဲ့။ပြီးတော့ လီ ကိုယ့်ပေါ်က Long coat ကိုမန်ဒူကိုခြုံပေးတယ်။
လီ ကိုယ့်သင်းနံနဲ့ ဒီအကျီက မန်ဒူ အတွက်အရမ်းနွေးတာဘဲသိလား။
ဒီအိမ်မက်က အရမ်းလှတယ် လီ။မိုးမလင်းချင်ဘူး။မိုးလင်းရင် အိမ်မက်ကပြေးထွက်သွားမှာ"

မျက်တောင်လေး ခပ်မိရင်တောင် အိပ်မက်ကနိုးသွားမှာကြောက်တယ်။
လီ မျက်ဝန်းတွေကို ခုလိုဘဲ အကြာကြီးငေးကြည့်ချင်နေခဲ့တာ။
လီမျက်ဝန်းတွေဟာ အရင်လိုဘဲ မန်ဒူအပေါ်
ကြင်နာနွေးထွေးမူတွေနဲ့ပြည့်နှက်နေတုန်းပါဘဲ!

" အိမ်ပြန်တော့... "

ချယ်ယောင်းလာမခေါ်ဘူးဆို မန်ဒူကို
ဒီနေရာမှာ ဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ။
မန်ဒူ ကဘာကြောင့်အိမ်ပြန်လမ်း မမှတ်မိရတာလဲ!

Jennie Kim ကိုဘယ်လိုလုပ်မှာလဲ
သူကြည့်ရတာပုံမှန်မဟုတ်ဘူးနော်!

ဟင်းးး!!
လီ ဘဝမှာသက်ပြင်းနဲ့တွဲသုံးရတဲ့စကားလုံးဟာ မန်ဒူ ဘဲဖြစ်ခဲ့ရသည်!

လီ ကမန်ဒူကိုစကားပြောတယ်။
အိမ်ပြန်တော့တဲ့!
ပြန်မှာပေါ့ လီနှုတ်ကထွက်တဲ့စကားဟာ
မန်ဒူအတွက် အမိန့်ဆိုရင်တောင် ကျေနပ်တယ်။အိမ်ပြန်ရမယ်၊အိမ်ပြန်ရမယ်။
ဒါပေမယ့် သူ ဘယ်ကိုပြန်ရမှာလဲ!

" ကျမ နဲ့အိမ်ကိုလိုက်ခဲ့မလား..."

ဟင့်!
ကိုယ့်ကို ဆိတ်ကြည့်မိတယ်။

အား !
နာတယ်။အိမ်မက်မဟုတ်ဘူးဘဲ!

မျက်ရည်တွေကပါးပြင်ပေါ် အဖော်အပေါင်းတွေနဲ့ပြေးဆင်းလာကြတယ်။
ကျမ ခုချိန်ထိ လီကိုမော့ကြည့်မိနေတုန်း။
အိမ်မက်လို့ ထင်နေတုန်း.....

" လီ...."

ကျမ ရဲ့ဘယ်ဘက်လက်ဖျားလေးတွေကို မန်ဒူဟာ သူရဲ့လက်နှစ်ဘက်နဲ့မရဲတရဲကိုင်လာတယ်။
နောက်တော့ လက်ဖဝါးတစ်ခုလုံး တင်းနေအောင်ဆုပ်ကိုင်လာတယ်။
ဖြုန်းဆိုမတ်တပ်ရပ်လျှက် လက်တွေကခါးပေါ်သိုင်းယှက်လာကာ၊ ရင်ခွင်ထဲမျက်နှာအပ်ပြီး တသိမ့်သိမ့်ရှိုက်ငိုလာသည်။

လှပ်၍လွှင့်သောWhere stories live. Discover now