Part -9-

1K 84 1
                                    


" Jen ကျမတို့ ဂျယ်ဂျူကျွန်းကို
ခရီးသွားရလိမ့်မယ် "

Jen ဆီဖိုင်တွဲတစ်ချို့ကိုလှမ်းပေးရင်းပြောလိုက်သည် ။
လက်မှတ်ထိုးစရာကျန်ရှိနေတဲ့ စာရွက်ကို
တစ်ချက်ငုံကြည့်လိုက်သည်။

" ဘယ်တော့လောက်ဖြစ်မလဲ Ban
ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်"

" ဒီတစ်ရက်နှစ်ရက်အတွင်းဖြစ်လိမ့်မယ်။
Jen ပြီးတော့ ဒီတစ်ခေါက်က ဂျူးပါခေါ်သွားရမယ်။သူတို့ဘက်ကလုပ်ရမယ့်ကိစ္စာလေး
တွေရှိသေးတယ်။ဒါကိုတော့ Jenဘဲပြောလိုက်တော့ ပြီးတော့ ဒီကရှယ်ယာရှင်တစ်ချို့လည်း အဲဒီမှာဆုံရအောင်စီစဉ်ပေးပါအုံး "

" ဟုတ်ကဲ့,Jen စီစဉ်လိုက်ပါမယ် "

ထိုစဉ် Ban စားပွဲကဖုန်းမြည်လာတာမို့
Ban ဟာ ဖုန်းလက်ခံစကားပြောနေသည်။

" Hello ..."

"....."

" အင်း.... ရတယ်အပေါ်လွှတ်လိုက်"

"ဒါဆို Jenကိုခွှင့်ပြုပါအုံးBan "

" Jen ခဏလေးဒီမှာနေပေးလို့ရနိုင်မလား
အကူအညီတောင်းတာပါ။"

" အော်ရပါတယ် Ban ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး ဒီတိုင်း
ခဏလေးပါဘဲ "

* ဒေါက်.... ဒေါက် *

" ဝင်ခဲ့ပါ "

" ဟာ P. Bam ဆာဂါဒီခ 🙏
ဘယ်တုန်းကရောက်နေတာလဲ "

P. Bamကို Jenသိသည်။
ချင်းမိုင်ကိုသွားတုန်းကအကုန်လုံးကူညီပေးခဲ့သူ။ပြီးတော့ သူကBanကိုကြိုက်နေမှန်း
အရမ်းသိသာနေတယ်။
ကားမောင်းနေရင်းနေတောင် သူမှာ Banကိုခိုးခိုးကြည့်ရတာအမော ။
Banကတော့ သူငယ်ချင်းထက်ပိုပုံမပေါ် P.Bomကိုတွေ့ရင်၊မျက်နှာကတည်တာမဟုတ်ပေမယ့် ၊အရယ်အပြုံးနည်းသွားတာ Jenသတိထားမိခဲ့သည်။

" အခုဘဲရောက်တာ Jennie "

သူ Jennie ကိုဖြေရင်း Banကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
Ban ဟာ သူကိုဘယ်တုန်းကမှအခွင့်အရေးမပေးခဲ့တာတောင်၊ခုချိန်ထိသူမရဲ့အချစ်ကိုစောင့်မျှော်နေမိသည်။
ဒီနှလုံးသားက ဒီမိန်းကလေးမှမဟုတ်ရင် ဒီတိုင်းဘဲသိမ်းဆည်းထားလိုက်တော့မယ်။

လှပ်၍လွှင့်သောWhere stories live. Discover now