Part -8-

1.1K 87 1
                                    

" ပတ်ချယ်ယောင်း ငါကို
ဒီနေရာဘာလို့ခေါ်လာတာလဲ "

" ဟာ ချယ်ရီတွေပွင့်နေတာမတွေ့ဘူးလား မမ"

" ချယ်ရီပွင့်တာ ငါနဲ့ဘာဆိုင်လို့လဲ"

ဟုတ်တယ်လေ။ ဒီလို ချယ်ရီတွေပွင့်ရင်
ဒီနေရာကို ချစ်သူစုံတွေသာ လာကြလေသည်။
ချစ်တဲ့သူနဲ့အတူ လက်တွဲလျှောက်ပြီးကြည့်မှာ ဒီအလှတရားဟာ ပြီးပြည့်စုံမည်။

" ယောင်းရှိတယ်လေ ယောင်းရင်ခွင်ကို
မမ ကိုဌားပေးမယ်။ ဝမ်းနည်းရင်ဘဲဖြစ်ဖြစ်
ပျော်ရွှင်ရင် ဘဲဖြစ်ဖြစ် ယောင်းရဲ့
ပခုံးမှာမှေးစက်နားခိုနိုင်တယ်။ ဘာအခကြေးငွေမှ မယူဘူး။ မေတ္တာတရားကိုလက်ကိုင်ထားသူမို့ နှလုံးသားကြီးကြီးနဲ့ကို မမ အတွက်ဌားပေးမှာ။ ဒါကြောင့်မို့ စိတ်ချလက်ချ ယောင်း ပခုံးပေါ်မှီချလိုက်ပါ မမ"

" ဘာတွေလာပြောနေတာလဲ အရူးချီးပန်းစကားတွေ."

" တကယ်ပြောတာပါ။ မမ ယောင်းရဲ့
လက်ကို တစ်ကြိမ်လောက်မြဲမြဲ
ကိုင်ကြည့်ပေးပါလား"

ကျမ ရဲ့လက်ကိုဆုပ်ကိုင်လာတဲ့ ယောင်းငယ်ရဲ့
လက်တွေကနေတဆင့် သွေးကြောလေးတွေထိ
နွေးထွေးမူကိုခံစားရလေသည်။
မျက်လုံးချင်းဆုံတိုင်း ဆယ်ကျော်သက်တစ်ယောက်လို ရင်ခုန်လာလေသည်။
ကျမနှလုံးသားဟာ သူနဲ့တွေ့မှာလှုပ်ရှားခဲ့ရတယ်။
သူနဲ့တွေ့မှအထီးကျန်ခြင်းတွေ၊ကင်းကွာသွားရတယ်။

ဒါပေမယ့် ငါ နင်ကိုချစ်မိသွားလို့မဖြစ်ဘူး။
ငါ အသိုင်းအဝိုင်းကြားမှာ ငါကမိန်းကလေးတစ်ယောက်ကို ချစ်မိတယ်ဆိုတာသိသွားခဲ့ရင်ဆိုတဲ့၊အတွေးက ကယောက်ကတန်းနဲ့ ၊သူလက်ပေါ်ဆုပ်ကိုင်ထားတဲ့၊ယောင်းငယ်ရဲ့လက်ကိုဖြုတ်ချလိုက်သည်။
အံဩမူတွေနဲ့မော့ကြည့်လာတဲ့ ယောင်းငယ်မျက်ဝန်းတွေကို ရင်မဆိုင်ရဲစွာဥပက္ခာပြုလိုက်သည်။

" ယောင်း မမအိမ်ပြောင်းလာရင် ကောင်းမလားဟင်၊ မမ တစ်ယောက်တည်းနေတာ ယောင်းစိတ်မချဘူး "

သူကိုလှည့်ကြည့်လာတဲ့ မမရဲ့မျက်ဝန်းမှာ တစ်ခုခုကို အတင်းဖုံးကွယ်နေတယ်လို့ သူထင်တယ်။
ယောင်း ကိုချစ်နေမိတာကို မမဖုံးကွယ်ချင်နေ
တာလား!

လှပ်၍လွှင့်သောWhere stories live. Discover now