Part-20-

963 72 1
                                    

" ချယ်ယောင်း လီရောလီဘယ်မှာလဲ။
လီဘယ်သွားတာလဲ ပြန်မလာသေးဘူးလား ။
လီ ဘယ်သွားတာလဲဆိုတာ၊နင်ဘာလို့မသိရတာလဲ။ဒါမှမဟုတ် လီလီတစ်ခုခုများဖြစ်နေတာလား။ ဒါကြောင့်မို့ ငါဆီမလာနိုင်သေးတာလား "

" Jen စိတ်​အေးအေးထား သူအဆင်ပြေမှာပါ။သူလည်းကိစ္စာရှိလို့ ခဏထွက်သွားတာ
နေမှာပါ "

သတိရရချင်းဘဲ လီလီကိုဘဲအလောတကြီးမေးနေတဲ Jen ရဲ့စိုးရိမ်တွေသံဟာ
သူ ကိုသူထက် လီလီကိုသာစိတ်ပူနေသည်။

သူအိမ်မက်ထဲ လီလီကချောက်နက်ကြီးကို
ခုန်ဆင်းသွားတာ။ သူဘယ်လိုလုပ်စိတ်အေး
နိုင်မှာလဲ!

" ချယ်ယောင်း အိမ်မက်ထဲမှာလီလီက ငါကိုထားသွားတယ်။ငါရှင်းပြတာတောင် နားမ​ထောင်ဘဲ ၊သူချောက်ကမ်းပါးကြီးထဲခုန်ဆင်းသွားတာ။ ငါရင်ထဲနာလွန်းအားကြီးလို့ နှလုံးသားတောင် ကြေမွသွားပီး ထင်ပါတယ်ဟာ၊ငါဘာလုပ်ရမလဲဆိုတာ ငါကိုယ်တိုင်တောင်မသိတော့ဘူး "

ကျမခါးဖက်ရင်းရှိုက်ကြီးတငင်ငို
ကြွေးနေတဲ့ Jen ကို နှိမ့်သိမ့်ရန်
စကားလုံးတွေ အ​မြန်ရွှေးချယ်ရလေသည်။

" ဘဝက ဇာတ်လမ်းတစ်ပုဒ်ဆိုရင်
ဒါကဇတ်သိမ်းမဟုတ်သေးဘူး။ ဘဝဆိုတဲ့ထဲမှာ နာကျင်ခြင်းဆိုတဲ့ ပိုးအိမ်မျှင်ကတော့ ကပ်ငြိပါလာမှာဘဲ။ အဲဒီနာကျင်ခြင်းအခန်းကိုဘဲ၊ငါတို့ကထပ်ကာထပ်ကာရစ်ကြည့်နေဖို့မလိုအပ်ဘူး။ဖြတ်ကျော်ဖို့ဘဲဖြစ်သင့်တယ်မလား ။ကမ္ဘာကြီးထဲ ငါတိုထည့်တဲ့အရာမှန်သမျှ
ငါတို့ပြန်ရလိမ့်မယ်တဲ့။
ကိုယ့်က ဘယ်အရာရွှေးချယ်ထည့်
မလဲဆိုတာ ကိုယ့်အ​ပေါ်ဘဲမူတည်တယ်။
နင်ဘဝထဲကို ဘာတွေထည့်ပြီး၊ဘာတြွေပစ်ထုတ်သင့်လဲဆိုတာ၊နင်ကိုယ်တိုင်ရွေးချယ်ရမဲ့အရာဘဲ ခဏနေ Manoban ဆိုတဲ့မိန်းမ သတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့ "

" ဘာ "

Jen အော်လိုက်တာကြောင့် သူလန့်သွားရတယ်။

"ချယ်ယောင်း ငါကိုအဲဒီကိုလိုက်ပို့ပေး
သူဘယ်လိုရှင်းမယ်ဆိုတာငါ ကိုယ့်တိုင်ကြား
ရမှာဖြစ်မယ် "

" ဒါပေမယ့် ငါကတော့ ...."

" နင် လိုက်မပို့ရင်
ငါတစ်ယောက်တည်းဘဲသွားမယ် "

လှပ်၍လွှင့်သောTahanan ng mga kuwento. Tumuklas ngayon