Part -32-

1.6K 99 14
                                    

" Jen ဆေးသောက်ရမှာမို့ဒါလေးနည်းနည်းတော့ ကုန်အောင်စားလိုက်ပါလား"

Jenဖျားနေတဲ့နှစ်ရက်ရှိပြီ၊
ခြေထောက်တွေလဲ ကိုယ်ဝန်ဆိပ်တက်တာမို့အနည်းငယ်ရောင်နေလေသည်။
ဆေးရေစိမ်ရန်ဆရာဝန်ကဆေးပေးသော်လဲ
Jen ကအဆေးမခံဘဲပေခံနေသည်။
ပတ်ချယ်ယောင်းကလဲ ဟန်းနီးမွန်းထွက်သွားသလို အတူလာနေတဲ့ယောက္ခမကလဲ
သူယောက်ျားနေမကောင်းလို့ အိမ်ခဏပြန်သွားလေသည်။အခု သူမှာကူကယ်ရာမဲ့နေသည်။

" မစားချင်ဘူး၊ အဲဒီဟာတွေဝေးဝေးယူသွားစမ်းပါ။နင်လဲ ငါနဲ့ တတ်နိုင်သလောက်
ဝေးဝေးသွားနေစမ်းပါ။ "

စိတ်သွားတိုင်းကိုယ်မပါတဲ့အခါ သူကိုနှင်ထုတ်ရန်သာတတ်နိုင်သည်။
အပြင်မှာလေပြင်းတစ်ချို့တိုက်ခတ်နေတာက
သူ ရင်ထဲဝင်မွှေနေတဲ့မုန်တိုင်းတွေလောက်မဆိုးသေး။

ပြတင်းတံခါးက ထူထပ်နေတဲ့တိမ်တွေငေးကြည့်တော့ တွဲလောင်းချိတ်ပြီးခိုတွဲ
နေတာ က လီရဲ့အပြုံးတွေ။
ရွှေ့လျားနေတဲ့တိမ်တွေမှာ ပျောက်ကွယ်
မသွားနိုင်ခဲ့တာကလဲ လီရဲ့မျက်နှာလေး။

" ဆေးသောက်ရမယ်လေ၊ ဒါမှ ဗိုက်ထဲက ကလေးကျန်းမာမှာပေါ့ Jenရယ် "

Jen ဟာအရင်လိုငြင်းဆန်ခြင်းမရှိပေမယ့် ကြည်ဖြူတာလဲမဟုတ်။
ကလေးကိုယိုးမယ်ရှာရင် သူဟာသူဘာမဆိုအားတင်းလုပ်တယ်။
အခုလဲအိပ်ယာပေါ်ကအားယူထနေတဲ့
Jen ကိုထူပြီးရင်ခွင်ထဲဖက်ထားတော့
Jen ဟာရုန်းကန်နေတယ်။

" ကိုယ့် ခဏလေးဖက်ထားပါရစေJenရယ်။
မရုန်းပါနဲ့လား မောနေပါမယ်။
မင်း ကိုယ့်ကိုပြန်မချစ်နိုင်ရင်တောင် ကိုယ့်နဲ့ကိုယ့်တို့ရဲ့ကလေးဘေး ရှိနေပေးရုံနဲ့ကျေနပ်ပါတယ်။ကိုယ့် မင်းကိုအရမ်းချစ်တယ် "

နားထင်ဘက်ကဆံနွယ်တွေ နားရွက်ကြားညှပ်ပေးရင်း နားရွက်ဖျားလေးကိုဖွဖွလေးနမ်းလိုက်မိတယ်။
ဝမ်းနည်းနေပေမဲ့ ရင်ထဲထပျံသွားတဲ့
လိပ်ပြာငယ်တစ်ကောင်ရဲ့ တောင်ပံခတ်သံအထင်းသားကြားလိုက်ရတယ်။

" ကိုယ် ခွံကျွေးမယ်နော်၊ ဆန်ပြုတ်ကပူနေတုန်းသောက်လိုက်နော်၊ Jenကလိမ္မာလိုက်တာ
ပါးဖောင်းဖောင်းလေးတွေမရှိရင် ဗိုက်ထဲက
မီးမီးလေးက စိတ်ဆိုးနေတော့မှာဘဲ "

လှပ်၍လွှင့်သောWhere stories live. Discover now