Part-19-

1.1K 70 5
                                    

" လီ Jen ကိုဆေးရုံလိုက်ပို့ပေးပါလား
Jen အဖေဆီသွားချင်တယ် "

မန်ဒူ လက်ကိုဆုပ်ကိုင်လိုက်တော့၊တင်း
ကျပ်းစွာပြန်ဆုပ်ကိုင်လာတယ်။မော့ကြည့်လာတဲ့မျက်ဝန်းတွေ မှာစိုးရိမ်မူ၊ဝမ်းနည်းမူနဲ့
နာကျင်အားငယ်ခြင်းတွေက၊အထင်သားတွေ့နေရတော့၊ ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုကိုယ့်ဘဲဒေါသထွက်မိတယ်။ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်​တွေကို ညင်သာစွာသုတ်ပေးလိုက်သည်။

" လီ လိုက်ပို့ပေးမယ်။မငိုပါနဲ့တော့ မန်ဒူရယ်။ ဖြစ်လာမှာတော့ ရင်ဆိုင်ကြတာပေါ့။
ဘာကိုမှာတွေးပြီးကြောက်မနေပါနဲ့တော့
မန်ဒူ ဘေး လီရှိနေမှာမို့အားတင်းထားရမယ်နော် "

" Jen နင်အပြင်မသွားတာ ပိုကောင်းလိမ့်မယ်။
ဆေးရုံကို ငါနဲ့မမ သွားလိုက်မယ်။
လီလီက Jen နဲ့နေခဲ့လိုက်။ ခုချိန်သူနား
နင်ရှိနေမှာဖြစ်မှာနော် လီလီ "

" ယောင်းပြောတာ မှန်တယ်။ အခုချိန်မှာ Jen အပြင်မထွက်တာအကောင်းဆုံးဘဲ။ အန်ကန်နားလည်လွယ်အောင် Sooဘဲရှင်းပြလိုက်ပါမယ် "

Soo ပါဝင်ပြောနေ တော့ သူတို့နှစ်ယောက်
ချယ်ယောင်းစကား လက်ခံရုံသာရှိတော့တယ်။

" ဒါဆို မမတို့သွားရအောင်ယောင်းငယ် "

"လီလီငါတို့သွားတော့မယ်
စိတ်ချမယ်နော်။ Jen နင်လဲသိပ်တွေးမနေနဲ့
ငါတို့အဖြေတစ်ခုရှာတွေ့မှာပါ "

"ချယ်ယောင်းနင်ဆေးရုံက ပြန်ရင်
ဒီလာခဲ့ပေးလို့ရမလား "

"ဆေးရုံကပြန်ရင် မမလိုက်ပို့ပီးရင်ငါလာ
ခဲ့မယ် လီလီ..."

" အင်း... ကျေးဇူးဘဲနော် "

"အဲလို ပြောစရာမလိုပါဘူး။ငါတို့တွေ​က
တစိမ်းမှမဟုတ်တာ လီလီရယ်.."

" Jen , sooတို့ပြန်တော့မယ်နော်၊ အများကြီးလည်းတွေးမနေပါနဲ့။ အမှန်တရားက ပေါ်လာမှာပါ။ ခုနက ဂျူးဖုန်းဆက်လာတယ်။
ဒါကဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ သူယုံတယ်တဲ့ ။ဘာလိုဆိုJenတို့ရဲ့အဝင်တခါးပေါက်က Partyရှိတဲ့ဘက်မျက်နှာမူထားတော့ အ​ဝေးကနေ သူလှမ်းမြင်နေတာတဲ့၊ဘယ်သူမှအခန်းထဲကထွက်သွားတာမတွေ့ သလို ခဏလေးအချိန်တွင်းမှာဘာမြှဖစ်ခဲ့မှာမဟုတ်ဘူးဆိုတာသူယုံတယ်တဲ့။
ဒါဟာသတ်သတ်မှတ် အ​ကောက်ကြံမူတစ်ခုဘဲမို့ ကိုယ့်ကိုကိုယ့်အပြစ်မတင်ဖို့ပြောသွားတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ Jen
တရားနတ်စောင့်ပါတယ်။ အမှန်တရားက တစ်နေ့ပေါ်လာလိမ့်မယ် "

လှပ်၍လွှင့်သောWhere stories live. Discover now