Part-25-

1.1K 77 6
                                    

ကိုယ့်ဘေးနား ဒူးပေါ်လက်ယှက်လျှက်
မျက်နှာအပ်ထိုင်နေတဲ့ကောင်မလေး။
တစ်ချက်တစ်ချက်ရှိုက်သံသဲ့သဲ့က
သူဆီပျံလွှင့်လာတယ်။
ခရီးသွားရင် ကိုယ့်ဘေးနားလူရှိနေရင် စိတ်ကျဉ်းကျပ်သလိုခံစားရတာမို့ ဘယ်သွားသွားပူးတွဲခုံပါယူပေးရင် သူရဲ့အတွင်းရေးမူးကို
မှာစမြဲ။

အခုတော့ ဒီအမူးသမားလေးကိုပေးလိုက်မိတယ်။
ကောင်မလေးက အသိုက်ကအတင်းရုန်းကန်ထွက်လာပြီး၊လောကကြီးအကြောင်းစူးစမ်းလေ့လာပျံသန်းကြည့်ချင်တဲ့ ငှက်မလေးလား?
ဒါမှာမဟုတ် လောကကြီးအရွဲ့တိုက်ပီး ရေစုန်မှာ မျောချင်နေတဲ့ ကမ်းမဲ့ဗေဒါလိုများလား

ဘုရားရေ ...!
ဘယ်ဘုရားတရပါမလဲမသိ။
ဘုရားတွေကလဲအများသား!!
သူဘက်ယိမ်းကျလာတဲ့ ကောင်မလေးခန္ဓာကိုယ်ကို ကမန်းကတန်းထိန်းလိုက်ရသည်။

အသက်မှန်မှန်ရှုသံကြောင့် သူအိပ်ပျော်သွားပြီဆိုတာ ခန့်မှန်းမိလိုက်တယ်။
ကျမ ခုံအစွန်းနည်းနည်းထပ်တိုးလိုက်သည်။ ကောင်မလေးကို ပေါင်ပေါ်ခေါင်းတင်ကာ ခြေထောက်တွေ သူဆန့်လိုက်သည်။
ခုံကထင်သလောက်တော့ မလွယ်ကူ ကောင်မလေးကအရပ်ရှည်နေတာကိုး။
ကိုယ့်ကိုကိုယ့် ဘာလုပ်လို့လုပ်နေမှန်း
မသိတော့ဘူး။
ကောင်မလေးလက်ထဲမှာ ဓာတ်ပုံတစ်ပုံကိုင်လျှက်သား၊ဆွဲယူလိုက်တော့ အိပ်ပျော်နေတာတောင် တင်းနေအောင်ကိုင်ထားဆဲ။

ဟင့်!
Jennie Kim နဲ့ Manoban
ဒါဆိုသူက Manobanပေါ့ ။
ဟင့်အင်း! ....မဖြစ်နိုင်ဘူး။ မနေ့ကဘဲ Manoban လက်မှတ်ထိုးပေးတဲ့စာရွက်စာတန်းတွေ Emailက​နေ သူဆီရောက်လာတာ
သူကကိုးရီးယားမှာဘဲ!
ဒီကောင်မလေးက မနေ့ကစပိန်မှာရှိနေခဲ့တာ။

Jennie Kim နဲ့ Manoban သတင်းတွေက
အရမ်း Hotဖြစ်ခဲ့တဲ့သတင်းတွေမို့သူသိသလို
Jennie Kimဟာ Manobanရဲ့ အတွင်းရေးမူးမှန်းလဲသူသိတယ်။
သူတို့သာ ကိုယ့်ကိုမမြင်ဖူးတာ။
ပြီးတော့Manobanဆိုတာ စီးပွားရေးလောကမှာ မသိသူမရှိသလောက်ကိုအောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်။

သူတို့ရဲ့ အရှုပ်အရှင်းတွေကြား ပါတနာတွေ ရုတ်ရုတ်သဲသဲဖြစ်ကြတဲ့အထဲ၊
Ella မပါတာမို့ သူတို့ဘက်က Ellaကိုကျေးဇူးတင်ကြောင်း Ella ရဲ့အတွင်းရေးမူး
မှတဆင့်သိရသည်၊။ကိုယ့်ကအလုပ်နဲ့ လူမူရေးဘယ်တော့မှရောနှောတဲ့သူမျိုးမဟုတ်။

လှပ်၍လွှင့်သောWo Geschichten leben. Entdecke jetzt