Part -29-

1.2K 97 29
                                    

" ပတ်ချယ်ယောင်း "

ကျောခိုင်းသွားတော့မဲ့ ယောင်းငယ်လေးရဲ့ခြေလှမ်းတွေကို မော့မကြည့်ဘဲ
သူအသံပြုလိုက်သည်။

တုံခနဲ့ရပ်သွားတဲ့ ခြေလှမ်းတွေအောက်
သွေးစက်တွေလား။
ပတ်ချယ်ယောင်း!တဲ့
ကဗျာကယာ အပြုးတုတစ်ခုနှုတ်ခမ်းပေါ်
ချိတ်ဆွဲလိုက်သည်။

"ရှင့်..... မမ ယောင်းကိုခိုင်းစရာရှိသေးလား
အော် ဒါနဲ့ ဟိုဘက် Shopping Mall က
လက်မှတ်ထိုးစရာ စာရွက်တွေရှိတယ်ဆို
ယောင်း သွားယူပေးရမလား "

" မလိုဘူး။သူ တို့ကိုလာပို့ခိုင်းထားတယ်။
မင်းက ဒို့ ပေးထားတဲ့ ဖိုင်တွဲဘဲ
လက်မှတ်မထိုးရသေးတဲ့ စာရွက်တွေ
ကျန်သေးလားဘဲပြန်စစ်ပေး "

ယောင်းငယ်ကိုသူဘေးနားအကြာကြီးရှိနေစေချင်တာမို့ လက်မှတ်ထိုးတဲ့ဖိုင်တွဲပြန်စစ်ခိုင်းလိုက်သည်။
လွှဲချော်နေတဲ့အတ္တတွေဟာ ပေါက်ကွဲ
ထွက်တော့မဲ့မီးတောင်ပမာ။

မမ ကဒို့တဲ့!လား
ယောင်း က မင်းတဲ့!လား
တစ်စုံတစ်ရာကို အတင်းဝါးမြိုချလိုက်သည်။
ပြသာနာကဘာလဲဆိုတာ သူတွေးမရ။
ခုတလော အကြောင်းအရင်းက ဘာမှရေရေရာရာမဟုတ်ပါဘဲ၊မကြာခဏ ကတောက်ကဆ
လေးတြွေဖစ်လာကြတယ်။

" မမ  နေ့လည်စာဘာစားကြမလဲ.."

တကယ်တော့ မမ နဲ့နေ့လည်စာစားမဲ့
အစီအစဉ် သူမှာမရှိ။
ဒါပေမယ့် ရာသီဥတုနဲ့ လိုက်လျောစွာ
ကုန်းဆင်းလိုက်သည်။သို့သော်........

" ဒို့ မင်းနဲ့ နေ့လည်စာ စားရလောက်အောင်
ဒို့ အားမနေဘူး။ ဒို့စားတာ မစားတာလဲ
မင်းအပူမပါဘူး။
အဲဒီ စာရင်းတွေစစ်လို့ပြီးရင် မင်းသွားနိုင်ပြီ။
ညနေ လာမကြိုနဲ့ Mr- Kung လာကြိုလိမ့်မယ်.."

" အင်း.... "

အင်း!တဲ့လား?
ဘာလို့ ဘာကြောင့်လဲလို့တစ်ခွန်းမှ
မမေးရတာလဲ။
အဲဒီလူကြီးက မမ ကိုပိုးပန်းနေတဲ့လူဆိုတာ
ယောင်းငယ် တကယ်မသိတာလား!!
အခုလိုအေးစက်သွားတာဟာ မမရဲ့အချစ်တွေပိုင်ဆိုင်သွားပြီမို့စွန့်ခွာသွားချင်တဲ့သဘောလား
ယောင်းငယ် စွန့်ခွာသွားမယ်ဆိုရင် မမ က
Jen လိုမျိုးရူးသွတ်ကျန်နေမှာမဟုတ်ဘူး။
ယောင်းကိုလွှတ်လပ်စွာပျံသန်းခွင့်ပေးလိုက်မယ်!!

လှပ်၍လွှင့်သောDove le storie prendono vita. Scoprilo ora