Part -10 -

1K 82 0
                                    

*  amusement ပန်းခြံ  *

ချစ်ခြင်းဟာ အတူရှိနေရင်ပြီးပြည့်စုံတယ်တဲ့!
Jen ဘဝမှာ လီဆိုတဲ့ကောင်းကင်သာမရှိတော့ရင် နာကျင်စွာနဲ့ကြွကျေရလိမ့်မယ်။
လီ ဟာကျမရဲ့ကောင်းကင်ကြီးပါ။
ကောင်းကင်မှာ ကြယ်တွေအများကြီးရှိပေမယ့်
လီလီ ဆိုတဲ့ကောင်းကင်မှာတော့ ကျမဆိုတဲ့ကြယ်လေးတစ်ပွင့်ဘဲရှိတာပါ။

အဲဒီကောင်းကင်ကြီးရဲ့ရင်ခွင်မှာ ကျမဆိုတဲ့
ကြယ်ပွင့်လေးက အချစ်တွေနဲ့ အမြဲတောက်ပနေမှာပါ။
ကြယ်ကြွရေင် ကောင်းကင်ကြီးက ငိုကြွေးတယ်တဲ့။

ဒီ ကြယ်ပွင့်​လေးက အဲဒီကောင်းကင်ပေါ်က ဘယ်တော့မှ ကြွမေဲ့ကြယ်မဟုတ်တာမို့၊ဒီကမ္ဘာကြီးတည်တံ့နေသရွေ့၊ ဒီကောင်းကင်နဲ့ ဒီကြယ်ပွင့်လေးရဲ့ အချစ်တွေဟာဒီကမ္ဘာကြီးနဲ့အတူတည်တံ့နေကြလိမ့်မည်။
ကောင်းကင်ကြီးရဲ့ပခုံးပေါ် ခေါင်းမှီလျှက် လက်ချင်းဆုပ်ကိုင်ပြီး ၊ကြယ်လေးဟာ လမ်းလျှောက်နေတာတောင်အတော်လေးကြာနေခဲ့လေပြီ။

" လီ ကဘာလို့ ဒီပန်းခြံလာချင်ရတာလဲ "

ကျမမေးတာကိုဘာမှမဖြေဘဲ လီ ဆီက
အပြုံးတစ်ခုသာလက်ခံရရှိလိုက်ရတယ်။
လူတွေပြောပြောနေတဲ့မိုနာလီဆာအပြုံးက
ကမ္ဘာပေါ်မှာအလှဆုံးတဲ့ ။
ဟင့်အင်း ...လို့ကျမငြင်းဆိုပါရစေ!
ကျမအတွက်တော့ ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးဆိုတာ၊ လီ ဆီမှာသာသက်ဝင်တည်ရှိနေတာပါလို့၊လီ ရဲ့လက်ကိုဆွဲပြီးကမ္ဘာကြီးရဲ့အပြင်ဘက်ထွက်ပြီး၊ သူတို့လေးတွေကို
တိတ်တိတ်လေးလက်တို့ပီး ၊ပြောပြချင်လိုက်တာ အရမ်းအရမ်းပါဘဲ။

".........."

လီ မန်ဒူရဲ့မေးခွန်းမဖြေဘဲ မန်ဒူရဲ့လက်ကိုဆွဲကာပြေးလာခဲ့တယ်။
ခဏနေ ည ၁၁နာရီထိုးတော့မှာမို့ မီးရှူးမီးပန်းတွေလွှတ်တော့မှာ ဒါကိုမသိတဲ့မန်ဒူဟာ သူမဆွဲရာနောက်ပြေးလိုက်နေရသည်။
မန်ဒူ တစ်ခုခုတော့မမေ့ဖို့ သူမ ရင်တထိတ်ထိတ်နဲ့မျှော့်လင့်နေသည်။

" မန်ဒူ ခဏလောက်မျက်လုံးမှိတ်
ထားပေးပါလား"

ကျမဟာ လီအတွက်ဆိုဘယ်တော့မှတုံ့ပြန်မေးခွန်းတွေမလိုအပ်တဲ့သူဖြစ်မယ်ထင်ပါတယ်။
လီ နှုတ်ဖျားကထွက်လာတဲ့စကားဟာ
ကျမအတွက်အမိန့်လို့ နာခံဖို့အဆင့်သင့်ရှိနေတတ်သည်။
ဒါဟာလဲ ချစ်ခြင်းတရားနဲ့မြတ်နိုးခြင်းကြောင့်သာဖြစ်တယ်။

လှပ်၍လွှင့်သောWhere stories live. Discover now