Part- 23-

1K 75 11
                                    

{ နှစ်နှစ်ခန့်ကြာပြီးနောက် }

အရေးပေါ်ခန်းထဲ နှလုံးရှော့ရိုက်နေမူကြောင့် မြင့်မြင့်တက်လာတဲ့ခန္ဓာကိုယ့်သေးသေးလေးတစ်ခု။သေမင်းရဲ့နှုတ်ခမ်းဝ အကြိမ်ကြိမ်လမ်းလျှောက်နေသော သူမကိုသေမင်းက
ဖက်လှဲတကင်းမိတ်ဖွဲ့ကြိုဆိုသင့်နေပြီထင်တယ်။

အသက်ရှင်လျှက်သေဆုံးနေရတဲ့ ဒီရှင်သန်ခြင်းအတွက် သေမင်းရဲ့တံခါးဝဦးလှည့်ရုံ
သာရှိတော့သည်။
လက်ကောက်ဝတ်က တစ်စက်စက်နဲ့ စီးဆင်းနေခဲ့တဲ့သွေးတွေ ။
လည်ပင်ရဲ့အဓိကသွေးကြောတွေကို
ချွန်မြတဲ့အရာတွေနဲ့ ထိုးစိုက်လိုက်တာတွေ။
အမြင့်တစ်နေရာကတွဲလောင်းကျနေတဲ့ ကြိုးကွင်းတွေဟာ သူမအတွက်အချည်းနှီးဖြစ်ခဲ့ရသည်။

လွှဲချော်မူတွေ အကြိမ်ပေါင်းများလာလေ
သူ ကိုပိုမုန်းလေဘဲ။
သူရဲ့သေဆုံးခြင်းကိုတောင် လိုက်ပိတ်ပင်နေတဲ့ နင်ကိုမုန်းတယ်။
Manoban ငါ နင်ကိုအရမ်းမုန်းတယ်။
နင်ကြောင့်ငါအသက်ရှင်နေသမျှ
ငါအမုန်းတရားတွေနဲ့ဘဲ နင်ရှင်သန်ရမယ်!

Jennie Kim နင်လုပ်ရက်တယ်ဟာ!

Jennie Kim !! တဲ့

လီလီ.....?

ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးတဲ့ ဒီနာမ်စား
ကြောင့် ခက်ခဲစွာရှုရှိုက်နေရတဲ့ ၊အသက်ရှုမူကို ရပ်တန့်ပစ်လိုက်ချင်တယ်။
ရှင်သန်ခြင်းကို ဒီနေရာမှာဘဲအဆုံးသတ်လိုက်ချင်ပြီ။ သူအရမ်းပင်ပန်းလွန်းနေ​ပြီ။
ဒီနာကျင်မူတွေကို သေဆုံးခြင်းနဲ့အတူ အဆုံးသတ်ပါရစေ။ အဆုံးသတ်ခွင့်ပေးကြပါတော့!

" မဟုတ်ဘူး။ လီ မြင်သလိုမဟုတ်ဘူး
မန်ဒူ ရှင်းပြပါရစေ "

" မဟုတ်ဘူး နင်က မန်ဒူမဟုတ်ဘူး။
နင်က Jennie Kim ,Manoban ရဲ့မိန်းမ Jennie Kim ၊မန်ဒူ ကငါကိုအရမ်းချစ်တာ သူဘဝမှာ ငါ တစ်ယောက်တည်းဘဲချစ်တာလို့
တဖွဖွပြောတတ်တာ ။ ငါတို့ကတစ်နေ့ကျရင် လက်ထပ်ကြမှာ၊ငါတို့နှစ်ယောက်ရဲ့
ချစ်ခြင်းနဲ့ဘဝတစ်ခုကိုတည်ဆောက်ကြမှာ။
ဟန်နီးမွန်း ခရီးလဲထွက်ကြအုံးမှာ မန်ဒူအရမ်းသွားချင်တဲ့ နေရာတွေကိုပေါ့။
ငါတို့တွေ ကမ္ဘာကြီးအနှံလျှောက်လည်ကြအုံးမှာ။ဒါကြောင့်မို့ နင်ကိုနင် မန်ဒူလို့မပြော
စမ်းပါနဲ့ "

လှပ်၍လွှင့်သောTempat cerita menjadi hidup. Temukan sekarang