part_21_

962 70 5
                                    

Ban စကား၌ မတ်တပ်ရပ်နေတဲ့ခြေအစုံလဲပြိုမသွားအောင် ချယ်ယောင်းလက်ကိုဆုပ်ကိုင်အားပြုထားရသည်။ မယုံကြည်နိုင်ခြင်း၊ အံသြခြင်း၊ခံပြင်းဒေါသဖြစ်ခြင်းတို့က ရင်ထဲမှာအစိုင်အခဲဖွဲ့တည်ကာ မီးတောင်ပမာပေါက်ကွဲထွက်တော့မည်။

ကျမဟာ ကိုယ့်ကိုကိုယ့်အမြဲယုံကြည်မူနဲ့
မာနနဲသိက္ခာကိုပွေ့ ဖက်ထားတဲ့သူတစ်ယောက် အခုတော့အများရှေ့မှာ မိမိ၏မာနနဲ့သိက္ခာကို ဖိနပ်ပါးတစ်ရံလိုချနင်းသွားခဲ့ပြီ။
ဘယ်တုန်းကမှမထင်ခဲ့ မတွေးထားခဲ့တဲ့
သူစကားတွေအောက်မှာ သူကိုမုန်းတာထက်ပိုမုန်းမိသလို စက်ဆုပ်ရွံရှာမိတယ်။

တစ်ချိန်ကအရင်းနှီးဆုံးမိတ်ဆွေတွေကနေ အခုတော့သူဟာကျမအတွက်ရန်သူပမာ။
လီ အထင်မလွှဲခင် သူနဲ့ ကျမ ဒီနေ့အပြတ်
ရှင်းရလိမ့်မယ်။

" Jen ကိုယ်တို့အေးဆေးစကား
ပြောဖို့လိုအပ်တော့မယ်ထင်တယ် "

မျက်ဝန်းတွေကမီးထတောက်မတတ်စိုက်ကြည့်နေတဲ့ Jen ရဲ့အကြည့်အောက်မှာ
ကိုယ်ဟာလောင်စာတစ်ခုသဖွယ်ပျော်
ကျသွားနိုင်တယ်။
တင်းတင်းဆုပ်ကိုင်လိုက်သောကြောင့်
ရုန်းကန်ခြင်းပြုနေတဲ့ Jenကိုသတိပေးလိုက်သည်။

" မင်းရဲ့သူငယ်ချင်းလက်ကို လွှတ်လိုက်တာပိုကောင်းမယ်။
ဒီထက်ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်နေရင် သတင်းသမားတွေရဲ့ရှေ့မှာ
ကိုယ် မင်းကိုဖက်နမ်းပြရလိမ့်မယ် ။
နောက်မှကိုယ့်အပြစ်မဆိုနဲ့ "

တကယ်တော့ ကိုယ့်အမှားကိုညင်ညင်သာသာလေးနဲ့ တောင်းပန်ပြီးပြောချင်ခဲ့တာပါ။
ခုတော့စကားလုံးတွေကနားဝင်မချိုစွာ
ခါးသက်သွားရပြန်တယ်။

" ချယ်ယောင်း နင်ဒီကစောင့်နေ။
ခဏနေ ငါပြန်လာခဲ့မယ် "

တဖျတ်ဖျတ်နဲ့ ကင်မရာရိုက်ချက်တွေ
ကြားမှာ သူဟာအ​ခြေအနတွေကို
ဒီထက်ပိုမရှုပ်ထွေးစေချင်တာမို့
ဒေါသတွေကို အံတင်းတင်းကြိတ်ရင်း
မျိုသိပ်လိုက်ရသည်။
ခုတော့ သူရဲ့​ခြေလှမ်းရှည်ကြီးတွေနဲ့
လျှောက်နေတဲ့ သူရဲ့​နောက်လိုက်ပီး မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ဘဲရှိတော့သည်။

လှပ်၍လွှင့်သောWhere stories live. Discover now