[Unicode]
( အပိုင်း၁ )
* နှင်းကျနေပြီပဲ။ဒီနှစ်ရဲ့ ပထမဆုံးနှင်း....။ *
ဖွေးဖွေးစွတ်၍သည်းသည်းလှုပ် ကျဆင်းနေပါသောနှင်းမှုန်စလေးများက တစ်ခြံလုံးအနှံ
ကိုပြန့်ကျဲနေလိုက်တာများ၊အဖြူရောင်
ကမ္ဗလာစခင်းပေးထားသည့်နှယ် လွန်စွာကိုနှစ်လိုဖွယ်ကောင်းနေခဲ့သည်။ကန်လန်ကာလေး၏နောက်ကွယ်ကနေပြီး ခေါင်းလေးထုတ်၍ သဘာဝတရားကြီးရဲ့ငြိမ်းချမ်းနေမှုကို ခံစားနေသူအမျိုးသားငယ်လေးခမျာ နွေးနွေးထွေးထွေးလေးပြုံးရှာ၏။
ပြတင်းပေါက်နှင့်အခန်းငယ်ကိုကန့်လျက်ကွယ်ချထားသည့် အဝါနုရောင်ကန်လန်ကာလေး၏အနားစကိုလှစ်မထားရာကနေ ခပ်ဟဟလေးပဲဖွင့်ထားခဲ့မိတဲ့ပြတင်းတံခါးကို တွန်းဖွင့်ပစ်ရင်းဖက်လတ်စ ဆေးစာအုပ်ထူကြီးကိုပြန်ကောက်ကိုင်သည်။
စာမျက်နှာတစ်မျက်နှာချင်းစီတိုင်း၊စကားစုတစ်လုံးချင်းစီတိုင်းကို သေချာစိတ်ဝင်စားပြီးဖတ်နေခဲ့၍ သူ့မျက်လုံးလေးများကပင် အရောင်တလဲ့လဲ့တောက်ပနေသေး၏။စာရွက်ကိုလှန်လှောနေတဲ့လက်ချောင်းနုနုလေးတွေကအစ မြတ်နိုးယုယပေးချင်စရာ..။
သူဆိုတာက ပတ်ခ်ဂျီမင်ကိုရည်ညွှန်းနေခြင်းပါ။အဲ့ဒါအပြင် သူက ဆေးကျောင်းက နောက်ဆုံးနှစ်ကျောင်းသားလေး။အဝါရောင်တွေဆို သိပ်ခုံခုံမင်မင်ရိှသည့်ဆရာဝန်လောင်းလေးမို့ အဝါရောင်တွေနဲ့သာ အတူတူတွေ့မြင်ရလေ့ရှိတယ်။
-----------
* ဂျီမင်နား...ရုပ်ရှင်သွားကြည့်ရအောင် *
အခန်းတံခါးခေါက်သံမပြုပဲ ဝင်ချလာကာ
စွာကျယ်ကျယ်အသံလေးနှင့် စာဖတ်နေသူအားအနှောက်အယှက်ပြုရှာသူသည် ကင်မင်ဟီဖြစ်ပြီး၊သူမသည် ပတ်ခ်ဂျီမင်၏အရင်းနှီးဆုံးမိန်းကလေးလည်းဖြစ်သည်။ထိုအသံကိုနားယဥ်နေပုံရသောဂျီမင်သည်သူမရှိရာဘက်ကို လှည့်မကြည့်လာပါ။အခန်းထဲလျှောက်ဝင်လာသောသူမသည် ယောကျာ်းပျိုလေးတစ်ဦးပမာ ပြောင်ပြောင်ရှင်းရှင်းမျက်နှာလေးနှင့်။သူမက မိတ်ကပ်ထူထူလိမ်းခြယ်ရတာကိုမကြိုက်နှစ်သက်ပေမယ့် နှုတ်ခမ်းဆိုးဆေးခြယ်ရတာကိုတော့သဘောတကျရှိလှတယ်။
YOU ARE READING
လူဆိုးကောင် (completed)
Fanfictionကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။