🤍အပိုင်းတစ်ဆယ့်တစ်🤍

4.8K 413 88
                                    

( Unicode )

(အပိုင်းတစ်ဆယ့်တစ် )

ဂျွန်ဂျောင်ကုကို မုန်းခဲ့ဖူးတယ်။ဒါပေမယ့်?
အဲ့မေးခွန်းကို အခု မဖြေပေးချင်သေးဘူး။
ချစ်လားဆိုတော့လည်း ငါ့ကိုယ်ငါမသိဘူး။
ဒီအတိုင်းပဲ သူ့ကို ငါ့အနားမှာရှိစေတာ။ဟုတ်တယ် အနားမှာရှိစေတယ်။

လူတစ်ယောက်က နောက်လူတစ်ယောက်ကိုပြန်ချစ်ဖို့မလွယ်ရင်သာနေမယ်။ထွက်သွားခွင့်တော့မပေးနိုင်ကြဘူး။ငါလိုပေါ့...။

သေချာတဲ့အဖြေတစ်ခုထွက်လာမယ့်အချိန်...
ငါ့စိတ်ကို ငါမြင်လာမယ့်အချိန်...အဲ့ဒီတစ်နေ့နေ့မှာ ငါဝန်ခံပါ့မယ်။အခုတော့ ငါတွန်းထုတ်ခဲ့မိရင်တောင် ထွက်မသွားပါနဲ့လား။သံသယမြူတွေကင်းစင်တဲ့တစ်နေ့... ငါတို့ရိုးရိုးသားသားချစ်ကြည့်ကြတာပေါ့။

မင်းကပဲ နားလည်ပေးပါ။

••••••• လူဆိုးကောင် •••••••

ပတ်ခ်ဂျီမင်တစ်ယောက် သူ့ကိုယ်ပိုင်ကွန်ဒိုကိုပြန်ရောက်ပြီးလာသည့်တိုင် အပေါ်သို့မတက်မိသေးပါ။သူ့စိတ်တွေနည်းနည်းထွေပြားနေတာလည်းပါတယ်။ကားသွားထားလိုက်ပြီး ကွန်ဒိုဝန်းထဲကအလှစိုက်ပန်းပင်လေးတွေ၏အုတ်စည်ရိုးမှာခပ်ကုတ်ကုတ်ထိုင်နေခဲ့ရင်း မီးမှောင်နေတဲ့အခန်းတစ်ခန်းကို မော့ကြည့်နေခဲ့သည်။

* ပြန်မရောက်သေးဘူးလား...? *

လူ့စိတ်ဆိုတာမျိုးက အရမ်းဆန်းကြယ်တယ်။ကိုယ့်အနီးမှာရှိနေတုန်းကတော့ မမြင်ချင်မတွေ့ချင်လို့ဆိုပြီး မောင်းထုတ်ခဲ့တယ်။
အခုကျတော့ မြင်ချင်နေတယ်တဲ့လား...?!။

* ရူးနေပြီမင်း..!ရူးနေပြီ ရူးနေပြီ !!*

အုတ်စည်ရိုးတွင်ထိုင်နေသူမှာ ချက်ချင်းပင်သူ့ခေါင်းကိုသူ ဆက်ကာတက်ကာထုလေပြီး
မတ်တတ်ရပ်လိုက်ပြီးနောက် အုတ်စည်းရိုးလေးကိုတစ်ချက်ပိတ်ကန်ကာ ရှက်ရှက်နဲ့ကွန်ဒိုထဲ ပြေးဝင်လေတော့သည်။

သူ့ရဲ့ရုတ်ချည်းအပြုအမူတွေကြောင့် လုံခြုံရေးဦးလေးကြီးမှာ ဘာဖြစ်တာလဲ?ဟူသောသဘောနဲ့ လှမ်းကြည့်နေခဲ့သည်လေ။

လူဆိုးကောင် (completed)Where stories live. Discover now