🤍အပိုင်းသုံး🤍

5.9K 531 54
                                    

{Unicode}

(အပိုင်းသုံး)

သန့်စင်ခန်းထဲထားပစ်ခဲ့ပြီး အမြန်ထွက်ပြေးလာတာတောင် သူ့လက်ထဲကမလွတ်နိုင်သေးဘူး။သူ့မှာတော်တော်လေးကိုအရှက်တရားမရှိတော့တာ။အခုသူ့ရဲ့အရှက််မရှိတဲ့လုပ်ရပ်တွေက အရမ်းကိုမှမိုက်ရိုင်းလွန်းသွားပြီ။

ဒီလူဆိုးကောင်ကြောင့် ကိုယ့်မှာမှန်ကန်ပါလျှက်နဲ့ မင်ဟီနဲ့ပင် မျက်နှာချင်းဆိုင်ရမှာရှက်ရွံရပါ၏။

* ဟေး ပတ်ခ်ဂျီမင်!တာဝန်မယူဘဲနဲ့ ဘယ်ကိုထွက်ပြေးမလို့လဲ။မင်းကိုငါနမ်းရအုန်းမယ်လေကွာ *

ဒီ!မကောင်းတဲ့အယုတ်တမာကတော့ ဘယ်နေရာထိအရှက်လိုက်ခွဲနေဦးမှာလဲ။ဘာတွေကြံစည်နေသလဲမသိပေမယ့် ဒီ​ကောင့်ဆီက မကောင်းတဲ့အငွေ့အသက်တွေရနေတယ်။

* ဟေး ခေါ်နေတယ်လေကွာ။စကားလေးတော့ပြန်ပြောပေးမှတရားမှာပေါ့ *

အဲ့ပုတ်နံလှိုင်ထနေတဲ့အပေါက်ကြီးကနေ တရားမျှတရေးတွေ လာထွက်နေသေးတယ်။သူ့ကြည့်တော့ လူယုတ်မာထက်ဗားရှင်းတစ်ဆင့်မြင့်နေရုံကလွဲလို့ ဘာများကောင်းကွက်တစ်ခုရှိနေလို့လဲ။လူပွေလူရှုပ်ကောင်ကများ!

မျက်နှာလေးကိုတင်းထားရပြီး ခပ်မြန်မြန်လေးလမ်းလျှောက်​သွားနေသူလေးနောက်မှာတော့ ခြေတံရှည်ရှည်တွေအားကိုအသုံးချပြီး ​ထက်ကြပ်မကွာလိုက်နေခဲ့သူလည်းရှိသည်။ထိုနှစ်ယောက်၏ဖြစ်ပျက်နေပုံအထိုထိုကို မြင်ရသူတိုင်းမှာတစ်မျိုးတစ်မည်ထင်သွားကြမှာက အသေအချာပါပဲ။

* ဂျီမင်ရှီ~~~*

* သေမလို့ ခေါ်နေတာလား။မင်းနော်..!အရှက်လိုက်ခွဲနေတာကို အခုရပ်။အကုသိုလ်ကောင်!မင်ဟီကြောင့်သာမဟုတ်ရင် မင်းနဲ့ငါတွေ့နေလောက်ပြီ *

* စိတ်ကြီးလိုက်တာ~~~အာရီဂူး!ကြောက်ပါတယ်။ဒီတစ်ကြိမ်နဲ့ဆိုငါ့နှလုံးသားကို မင်းတံခါးလာခေါက်တာ နှစ်ခါမကတော့ဘူးနော်။ချစ်မိသွားမှာစိုးလို့ သိပ်မစွာပြနဲ့ကွ *

ထိုလူဆိုးကောင်က ရယ်ကျဲကျဲလေးလုပ်ပြနေရင်း သူ့ရင်ဘက်ကိုလက်နဲ့ဖိထားလိုက်ကာ
မျက်လုံးတစ်ဖက်ကိုမှိတ်ပြလာတယ်။

လူဆိုးကောင် (completed)Where stories live. Discover now