🤍အပိုင်းနှစ်🤍

7.2K 572 36
                                    

{Unucode}

(အပိုင်းနှစ်)

တစ်လမ်းလုံးလည်း မင်ဟီဆရာလုပ်သမျှ ပွားသမျှကိုအောင့်အီးသည်းခံထားရကာ သူမအလိုအကျတိုင်းနားအငြီးခံခဲ့ပေးရသည့်ဂျီမင်၏ဒုက္ခဟာတကယ့်ကိုမှမစားသာလှပါ။ဆေးကျောင်းသားလေးခမျာ သူကိုယ်တိုင်ကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပေမယ့်လည်း သူငယ်ချင်းမရဲ့ဆရာလုပ်မှုကိုခံနေရတုန်းပါပဲ။

ကင်မီဟီဟာလေ စိတ်ပျက်စရာကောင်းလောက်အောင်ကို စကားပြောနိုင်လွန်းတဲ့မိန်းကလေးပါ။

ကင်မင်မီကိုမကျေမချမ်းဖြစ်နေမိတုန်း ဒတ်ဘုတ်ပေါ်တင်ထားသည့်ကျတော့်ဖုန်းမှာထမြည်လာသည်။မေမေများလား!မဖြစ်နိုင်တာတွေ။ကျွန်တော့်လိုလူဆီအထွေအထူးဆက်စရာဆိုလို့ဆေးကျောင်းကသူငယ်ချင်းတစ်ချို့နဲ့မေမေ့အပြင်တစ်ခြားမရှိ။

အဆက််မပြတ်တုန်ခါနေလေတဲ့ဖုန်းကြောင့် မင်ဟီက ငဲ့ကြည့်လာခဲ့သည်။သို့သော် သူမ
မကိုင်ခဲ့ပေ။ထို့ကြောင့် စတီယာတိုင်ကို လက်တစ်ဖက်နဲ့သေချာထိန်းကိုင်ပြီးမှ တငင်ငင်မြည်နေရှာသောဖုန်းကို ဖြေဆိုလိုက်ရသည်။

* ဟယ်လို ပတ်ခ်ဂျီမင်ပြောနေပါတယ်ခင်ဗျ...ဘယ်သူ *

တစ်ဖက်ကဘာပြောလေသလဲမသိပေမယ့် ဆေးကျောင်းသားရဲ့အကြည့်ကျောက်ချရာမှာကင်မင်ဟီထံသို့ပင်ဖြစ်သည်။သေချာသည်ကတော့ ယခုဖုန်းခေါ်ဆိုလာသောသူမှာဂျီမင်ထံကိုဆက်သွယ်လာတာမဟုတ်တာတော့သေချာသည်။

ထို့နောက််မင်ဟီကိုတည့်တည့်စိုက်ကြည့်လိုက်ကာ နင့်ဖုန်းဟုအသံတိတ်ပြောပြမိသည်။မင်ဟီဘက်က စကားပြောဖို့ဆန္ဒမရှိရင်သူပေးမပြောပါဘူး။

* မင်ဟီဆီလွှဲပေးမှာမို့ ဖုန်းခဏကိုင်ထားဦး။ကင်မင်ဟီ...!နင့်ဖုန်း *

သူလက်ထဲကဖုန်းလေးကို လှမ်းယူလေကာစပ်ဖြီးဖြီးလုပ်ပြသွားပြန်တဲ့မင်ဟီကြောင့် နှုတ်ခမ်းမဲ့လိုက််မိသည်။တော်တော်လေးကိုအပြောင်းအလဲမြန်သားပဲ ကင်မင်ဟီ.!
အခုငါ့ကိုမျက်နှာပြောင်တိုက်သွားတာလား။

အိမ်မှာတုန်းကတော့ အရှုပ်တွေရှင်းပြီးပါပြီ။ရည်းစားဟောင်းတွေ အားလုံးကိုအဆက်အသွယ်ဖြတ်ပြီးပါပြီဆိုပြီးတော့ အခုထပ်ပြီးတော့!..။အီစကလီလုပ်ရတာကို သကြားလုံးလေးဝါးစားရသလိုမျိုးသိပ်လွယ်လွန်းနေလိုက်တာ။

လူဆိုးကောင် (completed)Kde žijí příběhy. Začni objevovat