🤍အပိုင်းလေး🤍

5.8K 501 87
                                    

(Unicode)

(အပိုင်းလေး)

* ကျေးဇူးပဲဂျွန်~~စိတ်ကိုလန်းသွားတာပဲ *

* သဘောကျတယ်ဆို ကိုယ်ခေါ်လာရကျိုးနပ်ပါတ *

လူဆိုးကောင်ရဲ့ဘေးLover Seatတွင်မင်ဟီဖြစ်ပြီး ဂျီမင်ကတော့ ​ေနာက်ခန်းမှာပါ။မင် ဟီက သူမဘေးရှိ ကားမှန်ကိုချထားလေကာ လက်တစ်ဖက်ကိုအပြင်ထုတ်ထားရုံသာမက လည်တစ်ခြမ်းစောင်းရင်း ခေါင်းကိုပါ ထုတ်ထားခဲ့သည်။ကင်မင်ဟီတို့ သိပ်ပျော်နေပုံရတယ်။

* ဂျီမင် နောက်မှာထိုင်ရတာအဆင်ပြေရဲ့လား *

သူ့ကိုသတိရသွားပုံရသည့် မင်ဟီကချက်ချင်းလှည့်ကြည့်လာခဲ့ရင်း မျက်ခုံးပင့်ပြလာခဲ့သည်။သို့ပေမယ့် သူပြန်မဖြေပေးနိုင်ခင်မှာပင် ကားမောင်းနေတဲ့ကျက်သတုံးကောင်က စွာစိလန်နေအောင် ဝင်ဖြေလိုက်ပါတော့သည်။

* အပိုတွေလုပ်ပြီးမေးနေပြန်ပါပြီ!မင်းသူငယ်ချင်းက ကလေးလား။သူ့ဟာသူတစ်ယောက်တည်းထိုင်နေပါစေပေါ့ ဘာဖြစ်လို့လဲ အဲ့လောက်ထိစိတ်မချဖြစ်နေတာလား *

မင်ဟီရော ဂျီမင်ရောပါ တအံတဩမျက်နှာလေးတွေနဲ့ မျက်နှာရူးကောင်ကိုပြိုင်တူလှည့်ကြည့်လိုက်ကြ၏။စွာလိုက်တာ။စွာလိုက်တာမှ သူ့ကိုမေးမိလို့လား။ဒီကောင်က ဘာအထာကိုင်ရပြန်တာတုန်း။အခုမင်ဟီကို ငါနဲ့အူတိုလိုက်တာလား။

ကင်မင်ဟီကတော့ မျက်နှာရူးကောင်ရဲ့အပြောတွေကြောင့်လူကိုအားနာသလိုလှမ်းကြည့်လာခဲ့ရင်း သူ့ရည်းစားလက််မောင်းတစ်ဖက်ကို ခပ်ဖွဖွပုတ်ကာသတိပေးခဲ့သည့်တိုင် ဟိုအရူးကတော့ မကျေမချမ်းမျက်ထောက်နီနီကြီးနဲ့ မင်ဟီကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့် လှည့်ကြည့်လာသည်။

မြင်နေရတာက ဟုတ်ကိုဟုတ်မနေတော့ဘူး။

* မင်းကိုမေးလို့လား!ငါ့မှာလည်း ပါးစပ်ပါတယ်ဟေ့ကောင်...ပြန်ဖြေတတ်တယ်။မင်ဟီက ငါ့အချစ်ဆုံးသူငယ်ချင်း မင်းနဲ့ဆိုင်သလို ငါနဲ့လည်းဆိုင်တယ်။လာပြီးအူတိုမနေနဲ့ အောကလိဆန်စရာကာင်းအောင်လို့ *

* ဟာ့...ပတ်ခ်ဂျီမင် မင်းစကားကိုကပ်သပ်မပြောစမ်းနဲ့။ငါနဲ့ဆိုင်လို့ အူတိုတာပေါ့ကွ။
ဒါငါ့မိန်းကလေး ငါ့မှာတိုပိုင်ခွင့် ပြောပိုင်ခွင့်အပြည့်ရှိတာကို မင်းမသိချင်ယောင်ဆောင်မနေနဲ့ အပိုပဲ!!။ဖြစ်နိုင်ရင် မင်းတို့နှစ်ယောက်ကို ငါဒီ့ထက်တောင်ခွဲပစ်ချင်သေးတယ်မှတ်! *

လူဆိုးကောင် (completed)Where stories live. Discover now