🤍အချပ်ပို🤍

5.6K 322 25
                                    

( Unicode )

( အချပ်ပို )

ကော်ဖီဆိုင်တစ်ဆိုင်ရှေ့သို့ အလောတကြီးထိုးရပ်လိုက်တဲ့ကားတစ်စီးရှိလေပြီး ထိုကားရဲ့ပိုင်ရှင်ဟာဒေါက်တာဖြစ်သည်။အဲ့ဒီနောက်ကား၏မှန်နက်တွေကိုအောက်လျှောပစ်ပြီး
ကော်ဖီဆိုင်လေးထဲက လူတစ်ယောက်ကိုရှာနေခဲ့သလို၊ဖုန်းနံပါတ်စိမ်းတစ်ခုကိုလည်း
ခေါ်ဆိုလိုက်သည်။

* ဒေါက်တာပတ်ခ်ရောက်နေပြီလား။ကျွန်မကိုရောရှာလို့တွေ့ရဲ့လား *

ဖုန်းထဲက သူမအသံက နားထောင်လို့ကောင်းပါ၏။ထို့ကြောင့် လူများစွာနဲ့ရှုပ်ပွေလီနေတဲ့ ကော်ဖီဆိုင်လေးအတွင်း နောက်တစ်ခေါက်ထပ်ကြည့်လိုက်ရင်း.....!

* လူများနေတော့ နည်းနည်းရှာရခက်နေ... *

* အာ။ကျွန်မ ဒီမှာပါ *

ထောင့်ကျကျစားပွဲတစ်ခုမှ အမျိုးသမီးတစ်ယောက်သည်လက်မြှောက်ပြလာသည့်မို့
နားမှာတေ့ထားတဲ့ဖုန်းကိုချပစ်လိုက်ပြီး သူမရှိရာထိုစားပွဲသို့ တည့်တည့်လျှောက်သွားလိုက်တော့သည်။

အချိန်တွေဘယ်လောက်ပဲကြာခဲ့ကြာခဲ့ သူမကိုတော့ မှတ်မိပါသေးတယ်။မေ့ထားချင်ရင်တောင် ဘယ်နည်းနဲ့မှမေ့ဖျောက်လို့မရခဲ့တဲ့အတိတ်တွေရဲ့အစဟာ သူမနဲ့ပဲအစပြုခဲ့တယ်။သူမက မောင်ရဲ့ရည်းစားဦး...။

* ကျွန်တော်ကိုတွေ့ဖို့ချိန်းတာက *

* လက်ထက်ပွဲအတွက်ဂုဏ်ပြုပါတယ်
အရမ်းနောက်ကျနေမလားမသိပေမယ့် ကျွန်မစိတ်ရင်းအမှန်မို့ ဒါလေးတော့လက်ခံပေးပါ *

အလိုအလျောက်ပျက်ယွင်းသွားသည့်မျက်နှာကို အချိန်မှီပြန်ထိန်းလိုက်ရပြီး
သူ့မနဲ့မျက်လုံးချင်းဆုံသည်။ကြားဖူးသမျှစာဆိုတွေထဲ မျက်လုံးဟစိတ်၏ထွက်ပေါက်ဆိုပဲ...။

* အဲ့ဒီဘက်ကပြောစရာရှိတာပြောပါ *

* ဂျီမင်ရှီး ကျွန်မနာမည်ကိုကြားဖူးလား *

* ကျွန်တော့်ကိုတွေ့ဖို့ချိန်းလိုက်တာက ဒီလိုတကူးတကြီးနာမည်မိတ်ဆတ်ဖို့တော့မဟုတ်လောက်ပါဘူးနော် *

လူဆိုးကောင် (completed)Where stories live. Discover now